သူမဖြစ်တည်မှုတိုင်းက အကောင်းတကာ့အကောင်းဆုံးတွေဖြင့်ဘဝမှာလိုတိုင်းရနေသည်
သမုဒယခင်ဆိုသည် သူမသည် ဘဝအဆက်ဆက်ကောင်းခြင်းမျိုးတွေစုပုံပြီးအလှနတ်ဘုရားမသဖွယ်မွေးဖွားလာခဲ့ပုံမျိုးတကယ်တမ်းဟုတ်ပါသည် သမုဒယလိုအရာရာပြည့်စုံချမ်းသာပြီး ကျောင်းတကျောင်းလုံးရဲ့ဘုရင်မ သရဖူကို ရထားတဲ့ လှပတဲ့မိန်းမတယောက်အတွက် ရွေးချယ်စရာများလွန်းတာကြောင့်
သူမရဲ့နှလုံးသားကိုကိုင်လှုပ်နိုင်ဖို့ဆိုတာတော်ရုံတန်ရုံအရည်အချင်းမျိုးနဲ့တော့ရမည်မထင်
ဒီလိုလူတိုင်းအားကျနေရသည့်သူမ မှာလည်း လူတိုင်းမသိနိုင်သည့် အတိတ်ဆိုးတွေရှိနေခဲ့တာသာ သူတို့သိခဲ့ရင် သူမကို စိတ်ဝင်စားကြပါဦးမလားမန္တလေးဆေးတက္ကသိုလ် ၂၀၁၁-၁၂
လွန်ခဲ့သောသုံးနှစ် ဆောင်းတွင်းရဲ့ မနက်ခင်းတခုလုံးအေးစက်ပြီး မြူတွေဆိုင်းနေသည်မို့ ဆိုင်ကယ်နဲ့ကျောင်းကိုလာရသည့်ဧကရာဇ်အတွက်တော့လက်တွေက ရေခဲရိုက်ထားသလိုဖြစ်နေသည် အေးခဲနေတဲ့စိမ့်၏လက်နွေးနွေးလေးနဲ့ကိုင်ပြီး လမ်းလျှောက်လိုက်ရမှ တကိုယ်လုံးနွေးထွေးသွားသလိုခံစားရသည်
"မောင် ရောက်ပြီလား စိမ့်စောင့်နေတာ ၁၅မိနစ်တောင်ရှိပြီ"
"ဟုတ်တယ် စိမ့်ရေ မြူတွေဒီနေ့မှဆိုင်းနေလို့ဖြေးဖြေးမောင်းလာတာနဲ့နောက်ကျသွားတယ်"
စိမ့်က ကျွန်တော့်ဆီ အပြေးလာပြီးအေးစက်နေသည့်ကျွန်တော့်လက်နှစ်ဖက်လုံးကို ကိုင်ပြီး သူမ ပါးလေးမှာကပ်ထားလိုက်သည်
"အာ့စိမ့်ပါးလေးတွေ အေးနေမှာပေါ့ မောင်ကရပါတယ် တောင်ကြီးမှာနေလာတဲ့ ကိုယ့်အတွက် ဒီ ရာသီဥတုလောက်ကထုံနေပြီ"
တကယ်တော့ကျွန်တော်ပိုပြောမိလိုက်သည်ထင်သည် မန္တလေးရဲ့ဆောင်းမနက်ခင်းတွေက တောင်ကြီးနီးပါးအအေးလှိုင်းကြောင့် ခိုက်ခိုက်တုန်အောင်ချမ်းသည်
စိမ့် နဲ့ဆေးကျောင်းတူတူတက်ခဲ့ကြသည့်နှစ်တွေသည် ကျွန်တော့်အတွက်ဘာနဲ့မှလဲမရသည့်အမှတ်တရတွေချည်းသာဖြစ်ခဲ့၏
စိမ့်စမ်းချိုဆိုသည့်မိန်းကလေးကအလှကြီးထဲကမဟုတ်ပေမဲ့လို့ သိပ်တော်သည် သိပ်လည်းထက်မြက်ပါသည် ထိုအရာတွေကြောင့်ပဲ သူမကို ကျွန်တော်ချစ်သူအဖြစ်ရွေးချယ်ခဲ့သည်ဆိုလည်းမမှား
YOU ARE READING
ချစ်သောဧကရာဇ်
Romanceပိုင်ရှင်ရှိသူကိုမှချစ်မိတဲ့အခါကျွန်မဆုတောင်းမှားခဲ့တယ်မောင်ရယ်