အပိုင်း(၁၃)

875 9 0
                                    

ငြိမ်သက်နေသော ကန်ရေပြင်ကြီးနဲ့ အတူ နက်နဲ့လှသောမိန်းမတယောက်​၏ စိတ်သည်လည်းအချိန်အတော်တန်ကြာငြိမ်သက်နေခဲ့သည် ဆောင်းမနက်ခင်း​၏ အငွေ့သက်တွေကြား ပန်းနှစ်ပွင့်ကတော့ အပြိုင် စီးချင်းထိုးရတော့မည်

"ဒီက စိမ့်က မုကိုတွေ့ချင်တယ်ဆိုလို့"

စိမ့်ချိန်းလိုက်သည့် ကန်တော်ကြီးက စားသောက်ဆိုင်ကို မုရောက်လာတော့ စိမ့်က စားပွဲမှာမထိုင်ပဲ ဝံရံတာကနေ ကန်ရေပြင်ကို လက်ပိုက်ငေးကြည့်နေသည်

"ဟုတ်တယ် သမုဒယနဲ့စကားပြောသင့်ပြီလို့ တို့ထင်လို့ပါ...မောင်နဲ့ တို့မပြတ်သေးတာလည်းသမုဒယသိပါတယ်နော် အလိုက်တသိနဲ့နောက်ဆုတ်မလားဆိုပြီးတို့စောင့်နေခဲ့တယ် ဒါပေမဲ့ အခြေနေတွေက ပိုပိုဆိုးလာတယ် ဒါကြောင့် စိမ့်ဘက်ကပဲ သမုဒယကိုတောင်းဆိုတာပါ မောင့်ကို လမ်းခွဲပေးပါ"

သမုဒယစိတ်တွေယောက်ယက်ခတ်ကာလက်တွေပင်တုန်ယင်နေ​၏

"စိမ့်ဘက်ကတောင်းဆိုမယ်ဆိုတာ မု ကြိုတွက်ခဲ့ပြီးသားပါ တချိန်ချိန်မှာ စိမ့်နဲ့ဖြေရှင်းလာရမယ်ဆိုတာလည်း မု သိတယ် ဒါပေမဲ့ မုလည်း မောင့်ကို ချစ်တာပဲလေ စိမ့်တောင် ဆုံးရှုံးမခံနိုင်တာ မုကလည်း မောင့်ကိုလက်လွှတ်ဖိုိ့ုဆိုတာ မဖြစ်နိုင်ဘူးလေ မုလည်းမောင့်ကို ချစ်တာပဲ  ဒါကြောင့်မောင့်ကိုပဲရွေးချယ်ခိုင်းတာပိုအဆင်ပြေမှာပါ စိမ့်..."

စိမ့်က မချိပြုံးပြုံးကာ စားပွဲဝိုင်းမှာ ပြန်ထိုင်လိုက်ရင်း စနှိုက်ကြော်မဆိုသည့်အကြည့်ဖြင့် မုအားစက်စုတ်စွာကြည့်ရင်း

"မောင့်ကိုပြောမရလို့ မိန်းမသားချင်းဆိုပိုပြီးနားလည်လိမ့်မယ်ထင်လို့ နင့်ကိုလာပြောတာပေါ့ အရင်ကငါ့ရဲ့မောင့်ကိုပြန်လိုချင်တယ်  မနှောင့်ယှက်တော့ပဲ ဒီတိုင်းလေးထွက်သွားပေးမဟုတ်ရင်ငါသူ့မိဘတွေကိုပြောမယ် ကျောင်းမှာလည်းနင်တို့ဖောက်ပြန်တာသိအောင်လုပ်ပေးမယ်"

"လုပ်လိုက်လေဟဟ အဲဒီလိုပြောလို့ မုနောက်ဆုတ်ပေးလိုက်ရင်ကော ပြီးသွားမှာလား ရှင့်မောင်ကရော မု ကိုပြတ်မှာတဲ့လား"

ချစ်သောဧကရာဇ်Where stories live. Discover now