"ဧကရာဇ် မင်းနဲ့ တစ်ဆောင်တည်းနေခဲ့တဲ့ ကိုမွန်းတည့်ဦး ကိုယ့်ကိုကိုယ်သတ်သေတာ မသေပဲ ဆေးရုံရောက်နေတယ်တဲ့"
ထိုသတင်းကြားကြားချင်းဧကာရာဇ် ဆေးရုံကို အပြေးလိုက်သွားလိုက်ရသည် မွန်းတည့်က ဧကရာဇ်ရဲ့ senior အကိုဆိုလည်းမမှား အက်ိုရင်းတယောက်လိုဆိုလည်းမမှား တဆောင်တည်း ကျောင်းစတက်ပါပြီဆိုတည်းကအတူတူတဆောင်တည်းနေခဲ့သူဖြစ်သည် သို့ပေမဲ့ မွန်းတည့်က ဧကရာဇ်
ထက်တောင် စိတ်ဓာတ်မာကြောသူဖြစ်သည် ဘယ်လိုအကြောင်းတွေကများ ဒီလောက်ထိဖြစ်စေခဲ့ပါလိမ့် ဆရာဝန်တယောက်ဖြစ်နေပြီးထိုသို့မဆင်မခြင်လုပ်လိုက်ခြင်းမျိုးသည် အင်မတန်ဆိုးရွားသောလုပ်ရပ်ဖြစ်သည်ဆေးရုံရောက်တော့ လူနာက convalesce stage(အခြေနေအရမ်းမဆိုးပေမဲ့ နလန်ထကာစ အားနည်းနေတဲ့အနေထားမျိုး) ဖြစ်သည်
ဧကရာဇ်ကိုမြင်တော့ မွန်းတည့်က သူ့မိသားစုဝင်တယောက်လာတွေ့သလို ပျော်နေသည်"မသေကောင်းမပျောက်ကောင်း အက်ိုရာ ဘာတွေလျှောက်လုပ်နေတာလဲ"
"နောက်မှအေးဆေးပြောမယ်ကွာ ငါအရမ်းနာကျင်ခဲ့တဲ့အကြောင်း"
လက်ကdrip အပ်တန်းလန်းကြီးနဲ့ ကျွန်တော့်ကို ကလေးတယောက်လို ဖက်ရင်း မျက်ရည်တွေကျပြီးပြောသည်
"လောလောဆယ် နားလိုက်ပါ ကျွန်တော်ရှိတယ်နော် အကို့ကိုနာကျင်စေခဲ့တဲ့သူတွေကို ကျွန်တော်ပြန်နာကျင်စေမယ်ဟုတ်ပြီလား မစိုးရိမ်ပဲ စိတ်ချလက်ချသာအိပ်လိုက်"
ပြန်လာတဲ့လမ်းတလျောက်စိတ်တွေထိုင်းမှိုင်းနေသည် ဒီလိုစိတ်ဓာတ်ကြံ့ခိုင်တဲ့လူတယောက်ကိုတောင်မှ ပြိုလဲသွားအောင် လုပ်နိုင်တာ ဘယ်သူလဲ ဘယ်အရာတွေများလဲ
"မောင် ညစာသွားစားဖို့ မောင့်ကိုစောင့်နေတာ ဖုန်းလည်းမကိုင်ဘူးဘယ်သွားနေတာလဲ"
စိမ့်က ညပိုင်းမလာစဖူးအဆောင်နားမှာရောက်နှင့်နေသည်
"မွန်းတည့်လေ စိမ့်တောင်သိပါတယ် သူက suicide လုပ်တာအဲဒါ မသေပဲ ဆေးရုံရောက်နေတယ်ဆိုလို့ မောင်လိုက်သွားတာ ဖုန်းက ရုတ်တရက်ဆိုတော့ အဆောင်မှာကျန်ခဲ့တာ"
YOU ARE READING
ချစ်သောဧကရာဇ်
Romanceပိုင်ရှင်ရှိသူကိုမှချစ်မိတဲ့အခါကျွန်မဆုတောင်းမှားခဲ့တယ်မောင်ရယ်