အပိုင်း(၁၀)

895 9 0
                                    

ဧကရာဇ်မန္တလေးစရောက်သည်နှင့်အရင်ဆုံးစတွေးတာ စိမ့် စိတ်ဆိုးပြေဖို့တခုတည်းသာဒါကြောင့် နိုင်ကြီးတို့နဲ့တောင် ကလပ်မှာမွေးနေ့ပွဲမလုပ်ဖြစ်တော့ပဲ မိဘတွေနဲ့စိမ့်ကိုမိတ်ဆက်ရင်း အကျဉ်းချုံးမွေးနေ့ပွဲလေးကျင်းပဖို့ စီစဉ်ထားခြင်းဖြစ်သည် တစ်နေကုန် စိမ့်ဆီဖုန်းဆက်သော်လည်း စိမ့်က ဖုန်းကိုချချပစ်သည်
ပြင်ဆင်စရာတွေလည်းပြီးပြီမို့ ဖေဖေနဲ့မေမေတို့မသိအောင် ခဏခိုးထွက်လာပြီး စိမ့်ကိုသူမအိမ်ထိသွားခေါ်ဖို့ taxi ငှားကာထွက်လာခဲ့သည်

စိမ့်အိမ်ရောက်တော့ တံခါးတွေသော့ပိတ်ထားသည် အပေါ်ထပ်က သူမ အခန်းတံခါးဘက်ကို ဧကရာဇ်လှမ်းကြည့်လိုက်တော့လည်း သူမ အခန်းတံခါးလည်းပိတ်ထားသည် ပုံမှန်တိုင်းဆို စိမ့်ရှိရင် ထိုပြတင်းပေါက်လည်းဖွင့်ထားမြဲ ကျွန်တော်ဒီလောက်အတန်တန်မက်ဆေ့နဲ့ရော ခရီးကအပြန်မှာရောအထပ်ထပ်မွေးနေ့ကိစ္စပြောနေပါလျက်နဲ့ စိမ့်ကျွန်တော်ရဲ့ မွေးနေ့ကြီးမှာတောင် ဒီလို အဆင်မပြေအောင်လုပ်ရက်လေခြင်း

မှောင်ရီပျိုးလာသည်နှင့် မိုးသားအစိုင်အခဲတွေသည် အလိပ်လိုက်တက်လာသည် မိုးချိန်းသံတွေနဲ့အတူ မိုးပေါက်တွေသည် လူတကိုယ်လုံးပေါ်ရက်စက်စွာ ကျဆင်းလာတော့သည် ကျွန်တော်ယောက်ျားတန်မဲ့မိုးရေတွေနဲ့ရောပြီး မျက်ရည်တော့ကျမိသည် ကျွန်တော့်အတွက် စိမ့်ပေးလိုက်တဲ့ မွေးနေ့လက်ဆောင်ကသိပ်ကိုခမ်းနားကြီးကျယ်ရက်စက်လွန်းခြင်းကြောင့် မိုးရေထဲ မှာ တမှိုင်မှိုင်တွေတွေနဲ့လျှောက်လာသောကျွန်တော့်ခြေထောက်တွေသည်  ဓားသွားတလက်ပေါ်နင်းလျှောက်နေရသကဲ့သို့ နာကျင်ခြင်းများနဲ့ပြည့်နက်နေသည်

သိပ်ချစ်ပြလွန်းရင်စောက်ကမ်းတက်ကြတဲ့မိန်းမတွေ စောက်ရမ်းချစ်ပြလိုက်တာ  ငါဘာလုပ်လုပ်ဒီကောင်ကြီးခွင့်လွှတ်ပါတယ် ဆိုတဲ့ အချိုးတွေနဲ့ နောက်ဆုံးတော့လည်းမိန်းမဟာမိန်းမပါပဲ တစ်ယောက်မှ မကောင်းဘူး

"ဧကရာဇ် ဘာလို့မိုးရေကြီးထဲလျှောက်သွားနေတာလဲ ဆိုင်ကယ်မပါဘူးလား"

ယိုင်လဲတော့မဲ့ ခန္တာကိုယ်ကို ပြိုလဲမသွားအောင် တင်းခံနေရင်း ကားဘေးရပ်ကာသု့ဆီပြေးလာပြီး ထီးလာဆောင်းပေးတဲ့ သူမ

ချစ်သောဧကရာဇ်Where stories live. Discover now