ည၁၁ထိုးပြီမို့ စိမ့်တို့မိန်းကလေးတွေချည်းအရင်ပြန်နှင့်သည် ဧကရာဇ် စိမ့်ကို ကားပါကင်ထိလိုက်ပို့ရင်း အထဲပြန်မဝင်သေးပဲ နက်ခ်တိုင်ကိုခပ်ပြေပြေပြန်ဆွဲတင်လိုက်ပြီး စီးကရက်တလိပ်ထုတ်သောက်ရင်း ကြယ်တွေစုံနေတဲ့ ကောင်းကင်ကြီးကိုမော့ကြည့်နေမိသည် အပေါ်ကုတ်အင်ကျီမပါပဲ ဖရိုဖရဲဖြစ်နေတဲ့ ဧကရာဇ်ပုံစံက လုံးဝ bad boy type ပုံမျိုးဖြစ်နေ၏
"မု အဲဒါဆိုငါတို့အရင်ပြန်နှင့်တော့မယ်နော် ဖေဖေက ဒီည အိမ်စောစောပြန်လို့ပြောလို့ နင်တယောက်တည်း ဆက်နေလို့ဖြစ်ပါ့မလား ဟိုလူမျိုးမင်းက နင့်ကိုအသေလိုက်ကပ်နေတာ တခုခုဆိုဖုန်းသာဆက်လိုက်နော်"
ကျော့တို့ ကေသီတို့က ဒီနေ့မှ မုကို ညနက်တဲ့ထိတောင်နေမပေးနိုင်ကြ မု သူနဲ့ဒီညမှာထပ်ဆုံချင်သေးတာကြောင့် လည်း သူတို့နဲ့လိုက်မပြန်ချင်သေး
ကလပ်ကလည်းတဖြည်းဖြည်းလူတွေကျဲ၍လာသည် သူ့အရိပ်ရောင်လေးတောင် မုမတွေ့ရ
ညည့်လည်းနက်ပြီမို့ မုပြန်မှဖြစ်တော့မည် မု အိမ်က ကလပ်နဲ့ သိပ်မဝေးတာကြောင့် သိပ် စိုးရိမ်စရာတော့မလိုသူ့ကိုတွေ့ချင်တာကြောင့်သာ အရင်ချိန်တွေထက်ပိုပြီး နောက်ကျစွာအောင့်အီးနေရ၍သူ့ကိုစောင့်နေခြင်းဖြစ်သည်'အို သူ့မှာသူ့ကောင်မလေးပါတာပဲ သူတို့နှစ်ယောက်တနေရာရာမှာ သွားပြီးသာယာနေလောက်ပြီပေါ့ ငါကဘာကြောင့်သူ့ကိုစောင့်နေရတာလဲ ငါနဲ့သိတောင်မသိတဲ့သူကို'
မု ကားဘောနပ်ကိုမှီရင်းကလပ်ထဲက လူအဝင်အထွက်တွေကို ကားပါကင်ကနေပဲကြည့်နေမိသေးသည်
"ဟောတွေ့ပြန်ပြီ ကိုယ့်ရဲ့မုမုလေး တနေ့တမျိုးမရိုးအောင်ပဲလှနေလိုက်တာ"
ဟူးတွေ့ချင်တာတယောက် တွေ့နေတာတယောက် ကျက်သရေတုန်းလိုက်တာ ဒီလူနဲ့ပဲတိုးနေတယ် မကြိုက်ပါဘူး အကြိမ်ကြိမ်ငြင်းလည်းမရ မူးရူးပြီးတဇောက်ကန်းနဲ့စိတ်ပျက်ဖို့ကောင်းလိုက်တာ
သက်ပြင်းရှည်ကြီးချလိုက်ပြီး ထိုသူကို မျက်နာလွှဲပြီးမသိချင်ယောင်ဆောင်နေလိုက်သည်
YOU ARE READING
ချစ်သောဧကရာဇ်
Romanceပိုင်ရှင်ရှိသူကိုမှချစ်မိတဲ့အခါကျွန်မဆုတောင်းမှားခဲ့တယ်မောင်ရယ်