"ဘယ်သူလဲမသိဘူး"
"စိမ့်ပါ မောင်ရှိလား အန်တီ"
မောင့်မေမေရဲ့မျက်နာက အနည်းငယ်တွေဝေသွားသည်
"ဘယ်လို စိမ့် မင်းကသူ့ကောင်မလေးလား"
"ဟုတ်ပါတယ် အန်တီ ဟိုတခါက စိမ့်သွားစရာလေးပေါ်လာလို့မလာလ်ိုက်ရလို့ အန်တီတို့ မန္တလေးရောက်နေတယ်ကြားလို့လာတောင်းပန်တာပါရှင့်"
မောင့်မေမေက အချိန်အတန်ကြာငြိမ်သက်သွားပြီး စဉ်းစားနေပုံပေါ်သည် ပြီးမှ တံခါးဖွင့်ပေးသည်
"ဟုတ်ပြီ လာဝင်လေ သမီး"
ဒီကောင်လေးကတော့ဘာတွေရှုပ်ထားပြန်ပြီလဲမသိဘူး အခုစိမ့်တစ်ယောက်ထပ်ပေါ်လာပြီ သားငယ်သားငယ် ဘာတွေ လုပ်နေတာလဲကွယ်
ဘယ်စိမ့်ကအမှန်တကယ်စိမ့်လဲဆိုတာတော့ ထိုမိန်းကလေးစကားအသွားအလာကြည့်ပြီး အကဲခတ်ရတော့မည်"စိမ့် ဖေဖေနဲ့လည်း အန်တီတို့ကိုရောက်တုန်းရောက်ခိုက် မိဘချင်းစကားပြောကြည့်စေချင်တယ် စိမ့်တွေဝေနေတာ ယောက္ခမဆိုတာ ဘယ်လိုလဲ အပေါက်ဆိုးလား ငါ့ကိုသဘောမကျရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးနဲ့ တွေဝေနေခြင်းပါအန်တီ အန်တီတို့နဲ့ မတွေ့ချင်လို့မဟုတ်ပါဘူး"
"သမီးက စိမ့်သေချာတယ်ပေါ့"
မောင့်မေမေက တခုခုမှားနေသလိုပုံစံအင်တင်တင်ဖြစ်နေသည်
မောင့်ဖေဖေရဲ့မျက်နာသည်လည်း ရုတ်တရက်ဆိုပေါက်ထွက်တော့မဲံ ခရမ်းချဉ်သီးတလုံးလို ရဲတက်ပြီး ဒေါသတွေထွက်နေသည်ဘာမှားနေလို့ပါလိမ့် ကျွန်မပုံကိုတောင် မောင့်မိဘတွေကိုမောင်ကမပြထားဘူးလား
"ဆောရီးပါ သားငယ်က လူတွေ့မှကြည့်ဆိုပြီးပြောထားတော့ သိပ်မရင်းနှီးလို့လေ သမီး"
"ရပါတယ် အန်တီ ဒီမှာပါ မောင်နဲ့ ကျောင်းစတက်တည်းက ရိုက်ထားတဲ့ပုံတွေ စိမ့်ယူလာပါတယ် တွဲလာတာလည်းကြာပြီဆိုတော့ ဖေဖေတို့ကလည်း စိမ့် partII ပြီးပြီဆိုတော့ မောင်နဲ့မြန်မြန်နီးစပ်စေချင်ကြပြီလေ"
စိမ့်ကမောင့်အကြောင်းတွေမောင့်မေမေနဲ့ ဖေဖေကိုအစဆုံးပြောပြလိုက်တာကြောင့် အံ့အားတသင့်ဖြစ်ကုန်ကြသည် တအိမ်လုံးပြောစရာစကားမရှိလောက်အောင်တိတ်ဆိတ်သွားသည်မို့ စိမ့် မောင်အိမ်ခေါ်တင်ထားတဲ့ မု ကို ဟိုအခန်းဒီအခန်းအကဲခတ်ပြီး လှမ်းကြည့်နေလိုက်သေးသည် ဒါပေမဲ့ သမုဒယကတော့ရှိမနေပါ
YOU ARE READING
ချစ်သောဧကရာဇ်
Romanceပိုင်ရှင်ရှိသူကိုမှချစ်မိတဲ့အခါကျွန်မဆုတောင်းမှားခဲ့တယ်မောင်ရယ်