အပိုင်း(၆)

755 10 0
                                    

"မောင့်ကိုစောင့်နေတာ တူတူပြန်ချင်လို့"

စိမ့်ကကျောင်းရှေ့မှာအရင်နေ့တွေထက် တနာရီလောက်စောပြီးရောက်နှင့်နေပြီဖြစ်သည် သူမ ဆေးရုံမှသွားရဲ့လား ကျွန်တော်ကို မသင်္ကာလို့များစောင့်ကြည့်နေရသလားဝေခွဲရခက်သည် သူမ မျက်လုံးတွေက ကျွန်တော့်ကိုကြည့်သည့်အခါ အရင်ထက်ပိုပြီးမယုံကြည်တော့သလိုဖြစ်နေ​၏

"စိမ့်စာတွေနဲ့ပိနေတာနဲ့မောင့်ကိုအချိန်ပေးဖို့မေ့နေတယ် ဒီနေ့မောင်နဲ့စိတ်ပြေလက်ပျောက်မုန့်စားရင်းစျေးဝယ်လေးဘာလေးထွက်မလားလို့ပါ"

စိမ့်ဘာတွေပြောနေပါလိမ့်သူမနဲ့ကျွန်တော် မနေ့ကည၁၁ထိကလပ်မှာအတူရှိပြီးမှသူမအိမ်ပြန်တာ တနေ့မှ မတွေ့ရတဲ့နေ့ဆိုတာမရှိပါ မတွေ့ရဘူးဆိုတောင် အနည်းဆုံး သူမအိမ်ကိုခဏလောက်သွားပြီးမှ ကျွန်တော်အဆောင်ကိုပြန်တာဖြစ်သည် အရင်ထက်ပိုပြီး ကျွန်တော့်အပေါ်စိမ့်သံသယဝင်နေမိတာလုံးဝမလွဲ

"မောင်ကညကကျိုးထားလို့ပင်ပန်းနေပြီ ဒါပေမဲ့ စိမ့်ကစျေးဝယ်ထွက်ချင်တယ်ဆိုလည်းမောင်လိုက်ပေးပါ့မယ်"

အမှန်တိုင်းပြောဆိုလျင်ဧကရာဇ်ခြေကုန်လက်ပန်းကျကာနားချင်တာကြောင့် အတန်းစောစောဆင်းလာခဲ့ခြင်းဖြစ်သည် စိမ့်စောင့်နေတာကြောင့် ငြင်းလိုက်လျင်လည်း စိမ့်ငြိုငြင်မှာမလိုလားတာကြောင့် တကယ်က ဧကရာဇ်ခြေထောက်တွေပင်အနိုင်နိုင်သယ်နေရ​၏

ရှော့ပင်းစင်တာမှာဧကရာဇ်မျက်နာနွမ်းလျနေသည်ကိုပင်သတိမထားမိတာလား တမင်မမြင်ချင်ယောင်ဆောင်နေသလား စိမ့်ကိုတိုင်ပဲသိမည်ထင်သည် သူမသည် ရှော့ပင်အကြာကြီးထွက်တတ်သည့် မိန်းမမျိုးလည်းမဟုတ်ပဲ တဆိုင်တဆိုင်ဝင်ရင် အနည်းဆုံး ၁၅မိနစ်ကြာ​၏ စိမ့်ကိုအလှအပမကြိုက်တတ်လို့ရွေးချယ်ခဲ့ကာမှ ယခုအခါထူးဆန်းသောအမူအကျင့်တွေနဲ့ အရွဲ့တိုက်တတ်နေသည်လား မသိတော့ သူမဆံပင်ပုံစံပြောင်းမည်ဆို၍ ဧကရာဇ်ဆံပင်ညှပ်ဆိုင်ရှေ့က ဆက်တီမှာ အားရပါးရခြေပစ်လက်ပစ်ထိုင်ချလိုက်ရင်း သက်ပျင်းကိုအရှည်ကြီးချလိုက်မိသည် အရင်ကနဲ့ မတူတော့သော ချစ်သော စိမ့်ကို ဆံပင်ဆိုင်မှာ တနာရီကျော်၂နာရီလောက်ထိုင်စောင့်နေရခြင်းပင်

ချစ်သောဧကရာဇ်Where stories live. Discover now