စစ်တွေပြန်တဲ့ကားလမ်းတလျှောက် ဧကရာဇ်နဲ့အကြည့်ချင်းမဆုံရအောင် မျက်နှာလွှဲနေခါမှ တချက်ချက် ခိုးကြည့်တိုင်း သူမျက်လုံးတွေနဲ့တည့်တည့်ရင်ဆိုင်နေရတာ သူခိုးလူမိသလိုအတော်ဆိုးသည်
မုက ခြံရံ၏ကောင်မလေးကဗျာနဲ့ တခုံ ဧကရာဇ်က သူ့ကောင်မလေးနဲ့တခုံဆိုတော့ မုတို့၂ယောက်ကြား express ကားလျှောက်လမ်းသာခြားသည်
မျက်လုံးထောင့်ကပ်ကြည့်ရင်တောင်မြင်နေရခြင်းမျိုးစိမ့်က ဧကရာဇ်ပခုံးကိုမှီရင်းတစ်လမ်းလုံးအိပ်လိုက်လာသည် တချက်ချက် ဧကရာဇ်ဘေးက သမုဒယခင်ကိုခိုးခိုးကြည့်မိသေးသည် သူမ မနေ့ညက ကိစ္စအတွက်ရှက်နေမှာ အသေချာပင် သူမ နဲ့ အကြည့်ချင်းဆုံမိသွားရင် မျက်နာကိုဖျတ်ခနဲ လွှဲလိုက်တာကိုသတိထားမိနေ၏
သေချာတာတခုက ကျွန်တော့်ကိုကျွန်တော်မှားမှန်းသိနေတာတောင် ထိုအမှားကိုပဲ ဆက်လုပ်နေချင်တာမျိုး ဖြစ်နေသည် စစ်တွေရောက်ခါနီးကားလမ်းနားကထမင်းဆိုင်နားရောက်တော့
ထမင်းဆိုင်ရှေ့မှာလူတွေရုတ်ရုတ်သဲသဲဖြစ်နေတာကြောင့် ဧကရာဇ်တို့ကားရပ်ခိုင်းပြီးအမြန်ပြေးဆင်းလိုက်ကြသည် အက်ဆီးဒန့်တခုဖြစ်ထားပုံပေါ်သည် ကားမှန်တွေလည်းအောက်မှာပြန့်ကျဲကာ
မီးနီရပ်နေတဲ့ကားကိုနောက်ကားကအရှိန်နဲ့ဝင်တိုက်တာကြောင့် ရှေ့ကားက အမျိုးသမီးဒဏ်ရာအပြင်းထန်ရထားသည်"လူနာတင်ကားက မလာသေးဘူးတယောက်ယောက်ကယ်ပေးပါဦးဗျာသား အမေကို ကယ်ပေးကြပါဦး သေတော့မယ်ထင်တယ် ကယ်ပေးပါဦး"
သွေးရူးသွေးတန်းနဲ့ ကလေးတယောက်ရဲ့အော်ဟစ်သံနဲ့အတူကြည့်နေတဲ့လူအုပ်ကလည်းမနည်းပေ ထိုကလေးက ခေါင်းနည်းနည်းထိခိုက်ထားရုံကလွဲ၍ကျန်တာတော့ စိုးရိမ်စရာမရှိ သူ့အမေဆိုသူကို လူအချို့က ကားရှေ့ခန်းကနေ ညပ်နေရာက အမြန်ဆွဲထုတ်နိုင်ခဲ့သည် ဧကရာဇ်မနေနိုင်တော့ပဲ emergency case ဖြစ်တဲ့လူနာဆီအပြေးသွားလိုက်သည် တကယ်တမ်းက ဆရာဝန်တယောက်ရဲ့ လူနာကို ကူညီပေးချင်တဲ့ စိတ်ကြောင့်ပြေးသွားပေမဲ့ တကယ်တမ်းဧကရာဇ်ဆရာဝန်တယောက်မဖြစ်လာသေးတာကြောင့် လူနာကိုအရေးပေါ်အသက်ကယ်ဖို့ထိ အတွေ့ကြုံမရှိသေးပါ ဧကရာဇ်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ ချွေးစေးတွေသာပြန်လာသည် ကယ်ချင်တာသာသိသည် ဘာကစလုပ်လို့ လုပ်ရမှန်းပင်မသိ
YOU ARE READING
ချစ်သောဧကရာဇ်
Romanceပိုင်ရှင်ရှိသူကိုမှချစ်မိတဲ့အခါကျွန်မဆုတောင်းမှားခဲ့တယ်မောင်ရယ်