🧝Chapter 6
နောက်တစ်နေ့မနက်နိုးလာချိန်တွင် အတော့်ကိုစောနေသေးသည်ပင်၊ မြောင်ဟယ် သူ့ကိုယ်သူ လန်းဆန်းအောင်လုပ်နေစဥ်မှာပင် အပြင်ဘက်မှ အသံတစ်ခုကို
ကြားလိုက်ရလေသည်။သူမည်မျှပင်စောစာနိုးစေကာမူ ရန်သာ့လန်ကိုတော့မမီနိုင်သေးပင်၊မျက်နှာပေါ်မှ အိပ်ချင်စိတ်လက်ကျန်လေးကို မောင်းထုတ်လိုက်ပြီးနောက် စားပွဲပေါ်၌ ဆေးကြောသန့်စင်ရန် ရေနွေးကို အသင့်တွေ့လိုက်ရလေသည်။
မြောင်ဟယ် ယင်းကို လက်လွတ်စပါယ်မသုံးလိုက်၀ံ့ပဲ ခေါင်းထဲတွင်လည်း တိတ်တိတ်လေးတွေးနေမိသည်၊ 'သူသာ ရန်သာ့လန်နှင့် ပြေလည်သော ဆက်ဆံရေးတစ်ခုတည်ဆောက်လိုလျှင်
သူစိုက်ပျိုးသော သီးနှံများဖြင့် ကျွေးမွေးရလိမ့်မည်ဟု၊ သို့မှသာခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသော ရောဂါ ဘယများကို ခုခံနိုင်ပြီး ယူပစ်သလိုပျောက်သွားပေလိမ့်မည်၊ ထို စွမ်းအင်မြေဆီလွှာတွင် စိုက်ပျိုးသော အသီးအရွက်များတွင် ထူးခြားသော အာနိသင်ရှိပေသည်။အနာဂါတ်ကတောက်ပနေပြီဖြစ်သော်လည်း သူကားစောင့်ဆိုင်းရန်လိုအပ်သေးသည်၊ ထိုမြေဆီလွှာတွင်စိုက်ပျိုးရန် ပြင်ဆင်မှုတချို့လုပ်ရပေဦးမည်။စားသောက်ပြီးသည်တွင် ရန်သာ့လန်မြေဆီလွှာကိုတူးဆွနေသည်အား တိတ်တိတ်လေးကြည့်နေရန် အမိန့်ပေးခံလိုကိရသည်၊ ရန်သာ့လန်မှာ ကောကလေးအား
ခြေထောက်ဒဏ်ရာကြောင့် ဟိုဟိုသည်သည် လှုပ်ရှားနေဖို့ ခွင့်မပြုခဲ့ချေ၊ ထို့ကြောင့် ခုံပုလေးတစ်လုံးကိုယူ၍ ထိုင်ခိုင်းထားခဲ့သည်။ရန်သာ့လန်မှာ အမဲလိုက်ထွက်မနေချိန်တွင် အချိန်တွေပေါလှသည်၊ အဘယ်ကြောင့်မူ ရန်မိသားစုမှာလယ်ကွက်တို့ပိုင်ဆိုင်မှုမရှိခြင်းကြောင့်ပင်၊
အကြောင်းမှာ ရွေ့ပြောင်းနေထိုင်သူများ များလာခဲ့ပြီးနောက် မြောင်ကျေးရွာမှာ ဟိုးယခင်ကပင် ချမှတ်ထားသော စည်းမျဥ်းတချို့ရှိနေသည်၊ ၄င်းမှာ ရွာသို့ရောက်ရှိလာသော ရွေ့ပြောင်းသူအသစ်များအနေနှင့်
မည်သည့်မြေကွက်ကိုမဆို ကျတ်တီးမြေပင်ဖြစ်ကလိမ့်စား ရွာခံများထက် စျေး၂ဆပေးကာ၀ယ်ရမည်ဟုပင်၊

YOU ARE READING
[COMPLETED]ကောငယ်လေး၏စတိုရီ(ဘာသာပြန်)
FantastikUpdate - Tuesday and Saturday (2chapters A week) Zawgyi user များအတွက် Tele channel မှာ pdf file ရှိပါတယ်ရှင်