စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 26
___________
စစ်သူကြီးအိမ်တော်ကိုတစ်ခါမှမရောက်လာဖူးသော လက်ဆောင်ထုပ်တွေကတစ်ပုံကြီးပင် စစ်သူကြီး၀မ်အတွက်
လက်ဆောင်လို့သာ ရှောင်ကျန့်ထင်နေခဲ့ပေမဲ့ အဲ့ထဲက တစ်၀က်လောက်က သူ့အတွက်ချည်းပင်။"စစ်သူကြီးကတော် စာလေးလဲပါလာတယ်"
"ဟုတ်လား...ဖတ်ပြချည်"
ရှောင်ကျန့်နဲ့အတူ လက်ဆောင်ဖောက်နေသော အစေခံကောင်မလေးက စာပါလာတာမို့လို့ ဖွင့်ဖတ်ကြည့်လိုက်သည်။
"စစ်သူကြီးကတော် ကိုယ်နာမည်ကိုတော့ထည့်မရေးတော့ပါဘူး မနေ့ကတွေ့တာ တော်တော်လှတယ်နော် ထပ်တွေ့ဖို့လည်း
မျှော်လင့်နေပါတယ် ""တကယ်ကြီးလား"
"ဟုတ်...စစ်သူကြီးကတော် ဒါကြီးက ရည်းစားစာလိုမျိုးပဲ
စစ်သူကြီးသာသိရင် ဒီတစ်ယောက်အသတ်ခံရတော့မှာပဲ "ရှောင်ကျန့်ခေါင်းတစ်ခါခါနဲ့ လက်ဆောင်တွေကိုလိုက်ဖောက်ရင်းနဲ့ တစ်နေ့တာကိုကုန်ဆုံးစေသည် ခုနကလိုမျိုးစာတွေပဲ
၁၀စောင်လောက်ရှိတယ် နာမည်တွေတော့ မဖော်ပြထားဘူး
စစ်သူကြီး၀မ်ပြန်လာတော့ သွားပြသည်။"လောင်၀မ်သိလား ကျန့်ကျန့်ရည်းစားစာတွေတစ်ပုံကြီးရတယ်"
"...."
"လောင်၀မ်သိအောင်လို့ပြောပြတာ ဟင်း...ဟင်း..."
"ဘယ်ကောင်တွေရေးတာလဲ"
"နာမည်မပြောထားဘူး "
"...."
"မနေ့ကပွဲမှာတွေ့တာ တော်တော်လှလို့ နောက်တစ်ခေါက်လည်း ထပ်တွေ့ချင်ပါသေးတယ်တဲ့ အာ...အချို့ဆိုရင်လေ
ကျန့်ကျန့်ကိုချစ်တယ်လို့ပါပြောထားသေးတာ အနည်းဆုံးတော့ ချစ်တာကိုသိရင်ရပါပြီတဲ့လေ""ကျစ်!...အဲ့တာကြောင့်မို့လို့ ပွဲတွေမလုပ်ချင်တာ"
"ဘာဖြစ်လို့လဲ...ကျန့်ကျန့် ရည်းစားစာတွေရတာ မနာလိုလို့လား"
"လောင်ရှောင်း...တော်ပြီ ဒီနေ့ကနေစပြီးတော့ ကိုယ်နဲ့ပဲ အပြင်သွားရမယ် ကျန်တဲ့အချိန်တွေကိုအိမ်ထဲကနေမထွက်နဲ့"