စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 10
____________
မနက်ခင်းထမင်းစားပွဲမှာထုံးစံအတိုင်းရှောင်ကျန့်ကိုမတွေ့ချေ အိမ်ရှေ့စံကတော့ လေ့ကျင့်ရေးအကျီ၀တ်လို့ စိတ်အား
ထက်သန်နေလေပြီ။"စားတော့"
"စစ်သူကြီးကတော်ရော"
"သူထမှာမဟုတ်သေးဘူး"
"အော်...."
အိမ်ရှေ့စံက မျက်နှာတွေရဲလို့ ထမင်းပန်းကန်လေးကို
ကောက်ကိုင်ကာ မသိမသာလက်နဲ့ကွယ်ပြီးစားသည်
စစ်သူကြီးကတော်က ခါးများနာနေတာလား ဒါဆိုသူတို့တွေ
မဟုတ်သေးဘူး ဒါမထူးဆန်းဘူး ဒါလင်မယားကြားက
ကိစ္စပဲ သူနဲ့ တပ်မှူးကြီးနဲ့ဆိုရင်လည်း အဲ့လိုဖြစ်မှာပဲ။"စိတ်အားထက်သန်နေတဲ့ပုံပဲ"
"ဗျာ...ဟုတ်ကဲ့!.."
"မြှားပစ်တတ်လား"
"ဟို...ဟင့်အင်း"
"...."
"မယ်တော်က မြှားတွေ ဓားတွေကိုင်ရင် လက်ကြမ်းတယ်လို့
ပြောဖူးတယ် မကိုင်ခိုင်းဘူး ကိုင်တာတွေ့ရင်ရိုက်လို့""မကိုင်လို့မရတော့ဘူး နောင်မှာ မင်းကြီးဖြစ်လာမှာ အဲ့တော့
ကိုယ်တိုင်စစ်ထွက်တိုက်ရတာတွေရှိတယ်""ဟုတ်ကဲ့"
"ဘယ်သူမှမကာကွယ်ဘူး ကိုယ့်ကိုယ်ကိုယ်ပဲကာကွယ်ရမယ်"
"ဟုတ်ကဲ့ မှတ်သားထားပါ့မယ်"
"ဝှား.....မနက်စာတောင်စားနေပြီပဲ"
ရှောင်ကျန့်က အိပ်ချင်မူးတူးနဲ့ထလာကာ ထမင်းစားပွဲမှာ၀င်ထိုင်ရင်းနဲ့ ဟင်းပွဲတွေကိုကြည့်နေသည် ။
"မုန့်ရော..."
"မလုပ်ရသေးပါဘူးဗျ"
"လုပ်ပေး!...မုန့်ပဲစားချင်တယ်...ဒါကြီးမစားချင်ဘူး"
"ဟုတ်ကဲ့"
"ရှောင်ကျန့် မနက်ခင်းမှာ ထမင်းစားရမယ်"
"မစားချင်ဘူး...."
"မရဘူး...စားရမယ်"
"မစားဘူး....မစားပါဘူးဆို!...မစားချင်ဘူး...ထမင်းမစားဘူး!
ထမင်းမစားဘူးလို့!"