စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 23
______________
ရှောင်ကျန့်တစ်ယောက်ငြိမ်ကုတ်ကာ စစ်သူကြီး၀မ်ဘေးနားအတင်းကပ်ထိုင်နေတာမှ ပေါင်ပေါ်ထိုင်မိတော့မည်။"ရှောင်ကျန့်"
"ခေါ်ပြန်ပြီလား! အဲ့နာမည်!..."
ရှောင်ကျန့်ကစိတ်ဆိုးတကြီးနဲ့ သူ့ကိုစိုက်ကြည့်လာသည်
စစ်သူကြီး၀မ် တံတွေးတစ်ချက်မြိုချလို့ ချက်ချင်းပြန်ပြင်လိုက်ရသည် မနေ့ကမှ လောင်ရှောင်းလို့စခေါ်မိတော့ ကျင့်သားမရသေး ခါတိုင်းလိုမျိုး နာမည်တပ်ခေါ်နေတာကိုပဲပါးစပ်ထဲလာစွဲနေတာကို ။"ဟို...လောင်ရှောင်း "
"အွင်း ပြောလေ လောင်ကုန်း"
"...."
ခုနကနဲ့မျှမတူ ကြောင်ပေါက်စလေးတွေလိုမျိုး မျက်လုံးလေးနဲ့မော့ကြည့်သည် ။
"ကိုယ့်ရှေ့ကနေ ခေါင်းလေးနည်းနည်းဖယ်ပါလား "
"...."
မိန်လီက စစ်သူကြီး၀မ်နဲ့တွေ့ချင်၍ မာကျောက်လာဆော့သည် ရှောင်ကျန့်ကတော့သူမလာတဲ့အချိန်တိုင်း အမြဲတမ်းပဲ စစ်သူကြီး၀မ်နား ဖားပျံကပ်သလိုပဲ
ကပ်နေတာ ။"စစ်သူကြီး၀မ် စပျစ်သီး ချိုချိုလေးစားပါဦး"
အိမ်တော်ထိန်းကြီးက ပန်းကန်ပြားထဲမှာ စပျစ်သီးတွေအများကြီးထည့်လို့ ကမ်းပေးတာကို ရှောင်ကျန့်က လုယူကာ
ဘေးဘက်ချလို့ စပျစ်သီးတစ်လုံးကိုချက်ချင်းနွှာလိုက်သည်။"အင့်....စား..."
ရှောင်ကျန့်ခွံ့ကျွေးတာကိုစားလိုက်သည် အဲ့တာကိုနောက်ထပ်အခွံတွေပါထပ်ခွာလို့ ပါးစပ်ထဲအတင်းလာထိုးထည့်သည်။
"ရှောင်ကျန့်..."
"ခေါ်ပြန်ပြီလား!"
"လောင်ရှောင်း...ကိုယ်...ပါး..စပ်ထဲ...ပြည့်..."
စစ်သူကြီး၀မ်ကိုကြည့်မိလိုက်တာ ပါးကြီးနှစ်ဖက်ဖောင်းနေလေတာ ချစ်စရာလေးပင် ရှောင်ကျန့်တစ်ချက်ပြုံးပြလို့
ဘေးနားမှာပြန်ထိုင်နေသည် ။"ကျွန်မနိုင်တော့မှာ"
"မင်း...ရှုံး...မှာ..."