စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 20
____________
လေအေးလေးတွေရဲ့တိုက်ခတ်မူ့ကိုတဝကြီးခံစားလိုက်ရသည် တောတောင်လေကလာတဲ့လေက အရမ်းကိုအေးပြီး
လမ်းဆန်းစေတယ် ။"လောင်ဝမ်...ဒီလိုနေရာကိုလာနေကျလားဟင်"
"တစ်ခါတစ်လေ"
လောင်ဝမ်ကသူဖြစ်စေချင်တဲ့အတိုင်း ပျော်ပွဲစားထွက်လာတယ် သူပြောသလိုမျိုးအရှေ့ဘက်မှာရေတံခွန်ရှိတယ်
ရွက်ဖျင်တဲအသေးလေးတောင်ထိုးထားပေးသေးတယ်
စားစရာတွေကိုလည်းအိမ်တော်ကနေယူလာသေးတယ် ။"လောင်ဝမ်"
"အင်း"
"လောင်ဝမ်အကြိုက်ဆုံးအရောင်ကဘာလဲ"
"ဘာလုပ်မလို့လဲ"
"လောင်ဝမ်က ကျန့်ကျန့်ရဲ့ယောကျာ်းပဲလေ အဲ့တော့
တစ်ယောက်အကြောင်းတစ်ယောက်သိသင့်တာပေါ့ ""...."
"နော်...လောင်ဝမ် ပြောပြနော်"
"အစိမ်းရောင်"
"အကြိုက်ဆုံးအစားအစာ"
"နံနံပင်"
"ဘယ်လိုပုံစံမျိုးကိုသဘောကျလဲ"
"ချစ်ဖို့ကောင်းပြီး အရမ်းကြီးကလေးမဆန်တဲ့သူမျိုး
အချို့နေရာတွေမှာဆိုရင် ရင့်ကျက်တတ်တဲ့သူမျိုး""အော်....ကျန့်ကျန့်အကြိုက်ဆုံးတွေကတော့"
"အနီရောင်...၊ပုဇွန် ၊ မုန့် ၊ အာလူးကြော် "
"ကျန့်ကျန့်အကြောင်းသိတယ်ပေါ့ "
"အင်း..."
"လောင်ဝမ်ကအမြဲတမ်း မျက်စိဒေါက်ထောက်ကြည့်နေတာပဲနော်"
"အင်း"
ရှောင်ကျန့်က ယူလာတဲ့ အိတ်ထဲကနေ ပန်းချီပစ္စည်းတွေကိုသွားယူကာ မြစ်ဘေးနားမှာထိုင်ခုံချပြီးထိုင်လို့ စာရွက်ကိုပေါင်ပေါ်တင်ကာ ပုံဆွဲနေတယ် စစ်သူကြီးဝမ်ကတော့ ငါးမျှားနေလေတယ် ။
"အရင်တုန်းက ချစ်ခဲ့ဘူးတဲ့ မိန်းကလေး ရှိလားဟင်"
"ဟင့်အင်း"
"ကျန့်ကျန့်ကတော့ ရှိခဲ့တယ်"
"...."
"သိလား လောင်ဝမ်ရယ် ကျန့်ကျန့်သူ့ကိုလေ အလယ်တန်းနောက်ဆုံးနှစ်မှာစတွေ့တာကွာ သူကအရမ်းလှတယ်သိလား
ကျန့်ကျန့်တစ်ဖက်သတ်ကြိုက်ခဲ့တာ ဒါပေမဲ့သူကလေ
အတန်းထဲက အတွဲတစ်တွဲထဲက ကောင်လေးကိုလုသွားတာ
စနှိုက်ကြော်တာပေါ့ အဲ့တာနဲ့ကျန့်ကျန့်လည်း မကြိုက်တော့ဘူး"