စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 5
_________
အခုတလော ရှောင်ကျန့်နဲ့မျက်နှာချင်းမဆိုင်ရဲချေ လူကို
တွေ့ပြီဆိုတာနဲ့ လောင်ကုန်း ဆိုပြီးတော့ အကျယ်ကြီးအော်ပြီး ပြေးဖက်တယ် အိမ်ကအစေခံတွေကတော့ တစ်ပြုံးပြုံးနဲ့
ကြည့်နေကြသည်။"လောင်ကုန်း...မှားလို့ လောင်၀မ်လို့ပြောတာ ဟီး...."
"....."
"အခု နန်းတော်သွားမှာလားဟင် ကျန့်ကျန့်လိုက်လို့ရမလား"
"မ..ရ..ဘူး"
"လောင်၀မ်က...ကျန့်ကျန့်ကိုတပ်မှူးတွေဝိုင်းကြည့်မှာကြောက်လို့မှတ်လားဟင်"
"...."
"ဟုတ်နေတာပဲ...သ၀န်တိုတယ်ပေါ့...အဲ့တာဆိုကျန့်ကျန့်မလိုက်တော့ပါဘူး"
ဘာမှလည်းမပြောရသေးဘူး ရှောင်ကျန့်ကသူ့ဘာသာသူမေး
သူ့ဘာသာသူပဲဖြေချသွားလေတာ ဘာပဲဖြစ်ဖြစ်လိုက်မရူပ်ရင်တော့ တော်သေးတာပေါ့ ။"ကောင်းကောင်းသွားနော်...စောစောပြန်လာခဲ့နော်...လောင်ကုန်း! မှားလို့...လောင်၀မ်!"
ခေါင်းတစ်ချက်ငြိမ့်ပြလို့ ထွက်သွားလေပြီ ဒီနေ့တရားမ၀င်
ကျွန်ကုန်သည်တွေကိုဖမ်းရမှာဖြစ်သည် သတင်းရထားတာ
ကလည်း ဆောင်ကြာမြိုင်မှာတဲ့လေ ။"အိမ်တော်ထိန်းကြီး..."
"ဟုတ်ကဲ့ သခင်လေး"
"ဟုတ်ဘူး...စစ်သူကြီးကတော်လို့ခေါ်တော့ ရပြီ"
"ဗျာ...ရုတ်တရက်ကြီးဘာဖြစ်လို့လဲ"
"အစက ၀မ့်ကိုစစ်သူကြီးလို့မထင်မိလို့ပေါ့ဗျ အဲ့တာကြောင့်
မို့အခုခေါ်တော့ရပြီ""ဟုတ်ကဲ့...စစ်သူကြီးကတော်"
"အင်း!...အခုဘာလုပ်နေတာလဲ"
"စစ်သူကြီးကတော်မွှေသွားတဲ့ အမွှေကိုရှင်းနေရတာပါ"
"အဲ့တာဆိုရင်လေ ကောင်းကောင်းလုပ်ကြပါနော်..."
"...."
ရှောင်ကျန့်မီးရှိူ့လိုက်သော စာကြည့်ဆောင်ကို ပြန်ရှင်းနေရသည် ရှောင်ကျန့်ကလက်လေးနောက်ပစ်လို့ ပြုံးပြကာ
အားပေးစကားပြောရင်း ထွက်သွားတော့သည် ပျင်းလိုက်တာ
အိမ်မှာလည်း ဘာမှသိပ်မလုပ်ရဘူး အပြင်ထွက်ရင်ကောင်းမလား.....။