စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 15
______________
'စာရေးဆရာ လော့ ရဲ့စာအုပ်အသစ်ထွက်ရှိ'ဈေးမှာရှိတဲ့ ဆိုင်တိုင်းရဲ့ တိုင်တွေမှာကပ်ထားတာကို
ရှောင်ကျန့်တွေ့တယ် အိမ်တော်ထိန်းကြီးတောင်မှစာအုပ်၀ယ်လာသေးတယ် ဘာစာအုပ်လဲတော့မသိပေမဲ့လည်း အတော်လေးနာမည်ကြီးသည်။"စာရေးဆရာ လော့ ရဲ့စာအုပ်တွေကို ဈေးနူန်းချိုချိုလေးနဲ့ရမယ်ဝေ့...နှစ်ခါပြန်မရတဲ့ဈေးမို့လို့ ပုရိသတွေလာ၀ယ်ကျဝေ့!"
အိမ်ရှေ့စံအရွယ်လောက်ရှိတဲ့ ဟာတွေ နောက်ပြီး ရှောင်ကျန့်နဲ့အရွယ်တူလောက်ပဲရှိတဲ့ လူငယ်တွေက ခုနက အော်တဲ့သူနားမှာပြုံလို့ ပိုက်ဆံပေးပြီး၀ယ်ကျတယ် မိန်းကလေးတွေ၀ယ်တာတစ်ယောက်မှလည်းမတွေ့ဘူး ဘာစာအုပ်များလဲ ။
"ဒီတစ်ခါတော့ ကောင်းပြီကွာ"
"ဟုတ်တယ်...ဟျောင့်သေချာဖွက်နော်...မင်းအဖေတွေ့ရင်သေလိမ့်မယ်"
"အေးပါဟ"
ရှောင်ကျန့်ဘေးနားကနေဖြတ်သွားတဲ့ ကောင်လေးနှစ်ယောက်က စာအုပ်တစ်ကိုင်ကိုင်နဲ့ အကျီထဲသေချာထည့်လို့
သွားလေပြီ နေပါဦး အဲ့စာအုပ်ကဘာစာအုပ်မို့လို့လဲ အိမ်တော်ထိန်းကြီးစီကနေငှားဖတ်ရမယ်....။အိမ်တော်ကိုပြန်ရောက်တော့ အိမ်တော်ထိန်းကြီးစီကနေမရမကတောင်းသည် အိမ်တော်ထိန်းကြီးကတော့ ထင်ပိတ်ငြင်းနေတာ။
"ဘာစာအုပ်လဲလို့...ပြပါဆို..."
"ဘာစာအုပ်မှမဟုတ်ပါဘူး...ဒီအတိုင်းစိတ်ထွက်ပေါက်ရတဲ့စာအုပ်ပါ"
"ကျန့်ကျန့်လည်း ပျင်းနေတယ်လေ ပေးဖတ်ပါလို့"
"မရပါဘူး..."
"ဟွန်း....လောင်၀မ့်ကိုပဲ၀ယ်ခိုင်းရမယ်..."
"..."
"ပေးပါဆို...၅မိနစ်ထဲ ဖတ်ကြည့်မိလို့!..."
"ပေးလို့မရပါဘူး ကျွန်တော့်အသက်ကိုပဲနူတ်သွားလိုက်ပါတော့"
"ဟာ....ပေးပါဆို...."
"မပေးဘူး..."
ညနေရောက်တော့ စစ်သူကြီး၀မ်ပြန်လာတာနဲ့ ရှောင်ကျန့်ကပြေးဖက်သည် ပါးစပ်ကလည်း လောင်ကုန်း လောင်ကုန်းနဲ့
အော်လာသည်။