စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 12
__________
စစ်သူကြီး၀မ် နဲ့ အိမ်ရှေ့စံ ဘယ်သွားသွား ရှောင်ကျန့်ကအမြဲပါသည် တောထဲသွားလည်းပါတယ် နောက်ပြီးညောင်းလို့ဆိုပြီး ချီခိုင်းတယ် ဈေးကိုဖြတ်ရင်လည်း ဟိုဟာပူဆာဒီဟာပူဆာနဲ့ ပူဆာလွန်းတယ် မ၀ယ်ပေးရင်လည်း ကောက်သေး။"လောင်ကုန်း ဘယ်သွားမလို့လဲ"
"အိမ်ရှေ့"
"ဟုတ်လား...သွားပါ...ဒါနဲ့ အိမ်ရှေ့စံရောပါလား"
"အင်း..."
"ကျန့်ကျန့်လည်းလိုက်မယ်"
"ပါလေရာငပိချက်"
"ဟွန်း!...ကျန့်ကျန့်ကိုအဲ့လိုမပြောပါနဲ့ လောင်ကုန်းကလည်း
အိမ်ထောင်သည်တွေကလည်း အတူတူသွားကြ လာကြ တာပဲကို""...."
လေ့ကျင့်စရာမရှိရင်ပဲဖြစ်ဖြစ် တစ်နေ့လောက်နားရင်ပဲဖြစ်ဖြစ်မာကျောက်ကစားလေ့ရှိတယ် ရှောင်ကျန့်ကတော့
ဘေးနားမှာထိုင်ပါရဲ့ သူ့ဘာသာသူကြောင်နဲ့ဆော့နေသည်။"ကျန့်ကျန့်ပျင်းတယ် လောင်ကုန်း"
"အိပ်နေလေ"
"မျက်ခွံကသူ့ဘာသာသူမှမပိတ်တာ"
"....."
"ကျန့်ကျန့်အပြင်လျှောက်သွားချင်တယ်"
"အင်း...သွားလေ"
"လွှတ်တယ်ပေါ့လေ"
"အင်း..."
"လောင်၀မ်ကလည်း ကျန့်ကျန့်ကိုအခြားသူတွေကဖမ်းသွားရင်ရော"
"အဖမ်းခံလိုက်ပေါ့..."
"အဲ့ကျရင် လောင်၀မ်က လာကယ်မယ်ဟုတ်"
"လာရှာမယ် "
"လောင်၀မ်က ကျန့်ကျန့်ကိုဂရုစိုက်တယ်ပေါ့နော်"
"အ၀တ်ထုတ်လာပေးမလို့"
"လောင်၀မ် နော်!"
အိမ်ရှေ့စံကသူတို့နှစ်ယောက်ကိုကြည့်လို့ပြုံးလိုက်သည်
သူတို့အိမ်ထောင်ရေးလေးက အရမ်းပျော်ဖို့ကောင်းတယ်
စစ်သူကြီး၀မ်ကလည်း စတယ် စစ်သူကြီးကတော်ကလည်း
စိတ်ကောက်တယ် ဆိုးတယ် ချစ်ဖို့ကောင်းတယ် ။
![](https://img.wattpad.com/cover/364488758-288-k172026.jpg)
YOU ARE READING
စစ်သူကြီးကတော်ဖြစ်လာခြင်း (Complete)
Fiksi Penggemarနောက်ထပ်ချစ်ဖို့ကောင်းတဲ့ficလေး😘