Part 19 🦁🐰

3.4K 206 2
                                    

စစ်သူကြီးကတော်ဖြစ်လာခြင်း
Part 29
__________
တစ်အိမ်သားလုံးအံ့ဩနေကြသည် မနေ့ညက စစ်သူကြီးလင်မယားရန်ဖြစ်သံတော့ကြားပေမဲ့ မနက်ကျတော့ စစ်သူကြီးကတော်က ယခင်နဲ့မတူစွာ တည်ငြိမ်နေတယ် ။

"စစ်သူကြီးကတော်...မုန့်ရပါပြီ"

"ကျန့်ကျန့် ဒီနေ့ကနေစပြီးထမင်းစားတော့မှာမို့လို့ မနက်ကျရင်မုန့်မလုပ်ထားနဲ့တော့"

"ဗျာ...ဟုတ်ကဲ့"

အိမ်တော်ထိန်းကြီးလည်းကြောင်လို့ ခေါင်းကိုကုတ်ကာ
မုန့်ပန်းကန်ယူလို့ ပြန်ထွက်သွားဖို့ပြင်လိုက်သည်။

"နေဦး..."

"ဟုတ်ကဲ့"

"အဲ့မုန့်ပန်းကန်ထားခဲ့"

"...."

ရှောင်ကျန့်ကထမင်းဆက်စားနေလိုက်သည် အရှေ့မှာထိုင်နေသော စစ်သူကြီး၀မ်ကိုရှိတယ်လို့တောင်မထင် ဒီနှစ်ယောက်
စိတ်ကောက်နေကြပြန်ပြီလား။

"အရင်ထနှင့်မယ်"

ရှောင်ကျန့်က အရင်ထသွားသည် အရင်ကဆိုအမြဲတမ်း
ပြေးလွှားလိုက် ခုန်ပေါက်လိုက်နဲ့သွားနေသောသူက
အခုဆိုရင် တည်ငြိမ်အေးဆေးလို့‌ဖြေးဖြေးချင်းပဲ လမ်းလျှောက်သွားတယ် ။

"စစ်သူကြီးကတော်စိတ်ကောက်နေတယ်ထင်တယ် စစ်သူကြီး၀မ်..."

"ဟင်း....ထားလိုက်...ဒီလိုနေတာကပိုပြီးနားအေးတယ်"

"...."

စစ်သူကြီး၀မ်က အကျီသွားပြင်ဆင်လို့ အပြင်ထွက်လာတော့
ရှောင်ကျန့်နဲ့သွားတိုးသည် လက်ထဲမှာလည်းစာအုပ်တစ်အုပ်နဲ့ တစ်ချက်ပဲကြည့်လို့ သူ့ကိုကျော်သွားတယ် ။

"ရှောင်ကျန့်"

"ဟုတ်ကဲ့...စစ်သူကြီး"

"နန်းတော်သွားမလို့လိုက်ဦးမလား"

"မလိုတဲ့ကိစ္စတွေဖြစ်ပြီး မွှေတယ်ဆိုပြီးခေါင်းစဉ်တက်မှာ
စိုးလို့ မလိုက်တော့ဘူး"

"...."

တကယ်ပဲ ရှောင်ကျန့်က သူ့ကိုစိတ်ကောက်နေတာပဲ
အရင်လိုမျိုးကောက်နေတာမဟုတ်ဘူး ကောက်ပဲကောက်နိုင်လွန်းတယ် ရှောင်ကျန့်မကောက်တဲ့ရက်ဆိုတာရှိသေးရဲ့လား
သူကမလိုက်ဘူးဆိုမှတော့လည်း စစ်သူကြီး၀မ်လည်းထွက်သွားတော့သည် ဘာဖြစ်လဲကောက်ပေါ့ သူ့အပိုင်းမှမဟုတ်တာ။

စစ်သူကြီးကတော်ဖြစ်လာခြင်း (Complete)Where stories live. Discover now