ဆရာတို့က ဝိုင်းစကြတော့ နွေဦးလဲ ရှက်ရှက်နဲ့ ကွင်းထဲပြေးဝင်လိုက်သည်။ထိုဖြစ်စဉ်ကို ကြည့်ကာ ပြုံးနေသူလဲရှိနေသည်။
"ငါယောကျာ်းချင်းပဲ ကြိုက်မိနေတာလား၊ မဖြစ်ဘူး ဘာလို့ငါက ယောကျာ်းချင်းရင်ခုန်ရမှာလဲကွ ဟ"
အတွေးတွေနဲ့ တစ်စုံတစ်ယောက်ပေါ့။
..............................
နွေဦးလဲ ကွင်းကနေအိမ်ပြန်ရောက်တော့ ကိုယ်လက်သန့်စင်ပြီး အိပ်ရာပေါ်လှဲနေလိုက်သည်။
"ကိုခမ်းကို စာပို့ရင်ကောင်းမလား အယ် မဟုတ်သေးပါဘူး ငါသူ့ကိုမေ့ပြီလေနော့် မေ့ပြီ စာလုပ်တာပဲကောင်းတယ်ဟူးး"
သက်ပြင်းအရှည်ကြီးချပြီး စာလုပ်ရန် စာကြည့်စားပွဲသို့ထထိုင်လိုက်သည်။ထိုအချိန်
တောင်!
အသံလာရာကြည့်လိုက်တော့ နွေဦးရဲ့ဖုန်းလေးက ဖြစ်နေသည်မို့။ ကောက်ယူတာ ကြည့်တော့ "ကိုခမ်း"ဆိုတဲ့ အကောက့်လေးကတဲ့။နွေဦးစိတ်ထဲတွင် "ငါမေ့မယ်ဆို သေနာက လာပို့ပြီ ဟင်းဟင်း"။
စိတ်ထဲတွင်တွေးကာ စာကိုကြည့်လိုက်တော့ သက်ပြင်းချကာ
"ထင်သား ဘာမျှော်လင့်နေမိပါလိမ့်"
ခမ်းပို့ပေးသင့်စာက "သစ်မင်းကို မနက်ဖြန် ကွင်းလာဖို့ပြောပေးပါအုံး"
"ကိုကို အကောက့် သူ့မှာလဲရှိနေတာကို သေနာကတော့ စော်ကြောင်ကြောင်နေပြီ"
နှုတ်မှပြောလိုက်ကာ စာတော့မပြန်လိုက်ပါ။
တစ်ဖက်မှာတော့ နွေဉီးစာမပြန်သည့်အတွက် တစ်စုံတစ်ခမ်းက မျက်မှောင်ကြီးကျူံ့ကာ
"ဘာလဲဟ စာလဲမပြန်ဘူး"
ပြောကာ စိတ်ရှုပ်စွာပဲ အိပ်ရာထဲလှဲကာ အိပ်လိုက်သည်။
..............
ယခုအချိန်
ညနေ ရုံးဆင်းချိန်ကိုရောက်လာပြီမို့ နွေဦးတစ်ယောက် ဖင်တစ်ကြွကြွ ဖြစ်နေသည်။အမှန်နွေဦး ဒီလူကြီးနားမနေချင်တော့ပေါင်။အလုပ်သမားဆိုအပြင်မှာ တစ်ခြားဝန်ထမ်းတွေနဲ့ တူတူ လုပ်ရမည်မလာ။ အခုတော့ ဒီလူ ဇီဇာကြောင်ချက်က နွေဦးကို သူ့ရုံးခန်းထဲပဲ အလုပ်စားပွဲတွေခုံတွေထည့်ပြီးလုပ်ခိုင်းသည်တဲ့ မဖြစ်သင့်တာ။
