"ပတ်ခ်ဆောင်းဟွန်း!!"
ဆောင်းဟွန်း customer မှာတဲ့ bloody Mary cocktail ကိုဖျော်နေတုန်း နောက်ကနေ သူ့နာမည်အားအော်ခေါ်လာတဲ့သူကိုတချက်လှည့်ကြည့်လိုက်သည် သူ့အား အော်ခေါ်နေတဲ့သူကတော့ သူတို့ဆိုင်ရဲ့မန်နေဂျာ ရှင်းမ်ဂျယ်ယွန်းသာဖြစ်သည် * ဒီခါလဲဘာတွေပြောအုံးမတုန်းမသိဘူး ပတ်ခ်ဆောင်းဟွန်းရေ *စိတ်ထဲတွင်သာ ငြီးငြူမိလိုက်သည်။
"မန်နေဂျာကြီး ဘာများပြောစရာရှိလို့လဲဗျ"
"အာ..ဆောင်းဟွန်းရယ် hygလို့ပဲခေါ်ပါ""အလုပ်ချိန်တော့ မန်နေဂျာကြီးအပေါ်လေးစားသမှုနဲ့ မန်နေဂျာကြီးလို့ပဲခေါ်ပါရစေ အလုပ်ချိန်ပြင်ပမှာတော့ hygလို့ပဲခေါ်ပါ့မယ်ဗျာ ဒါနဲ့ ကျွန်တော်ကိုဘာပြောမလို့လဲဗျ"
"ပြောစရာက ဟိုလူတစ်ယောက်ကမင်းနဲ့သီးသန့်တွေချင်တယ်ပြောလို့ အဲ့တာသွားတွေ့ပေးနိုင်မလား?"
ဆောင်းဟွန်း မန်နေဂျာရှင်းမ်ဂျယ်ယွန်းရဲ့စကားကြောင့် အနည်းငယ်စိတ်တိုသွားသည် တွေ့ချင်တယ်ဆို ဒီbarမှာ သူလာတွေ့ရပါရက်နဲ့ သူ့ကိုတကူးတကခနခနခေါ်တဲ့လူဟာ မရိုးတော့ဘူး ။
"မန်နေဂျာကြီး ကျွန်တော်က bartender ဗျ ကျွန်တော်မတွေ့ချင်ဘူးပြောထားတာ အခါတရာလောက်ရှိနေပြီမန်နေဂျာကြီး!!"
"ဟာ..ဆောင်းဟွန်းနီးရယ် ဟိုကမင်းကိုသီးသန့်တွေ့ပြီးစကားပြောချင်ရုံထင်ပါ့ ဘာမှမလုပ်ပါဘူးနော် သွားတွေ့လိုက်ပါ့"
ဂျယ်ယွန်းတယောက် မန်နေဂျာဆိုတဲ့ရာထူးနဲ့မလိုက်ဖက်စွာသူ့လက်အောင်က ဒီ bartenderကို ခခယယတောင်းဆိုနေရလေသည် ဒီနှစ်ယောက်ကြားသူလဲရူးချင်ပါတယ် ဟိုကတော်"ကြောက်စရာကောင်းတဲ့လူပင် ဒီခါမှရအောင်ခေါ်မလာနိုင်ရင် သူ့ကို ခြေတွေလက်တွေဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့သူ ဒီက clubရဲ့ နာမည်ကြီးbartender ကိုယ့်ရဲ့ညီလေးလိုခင်ရတဲ့လူ ဒါမဲ့ ဟိုလူကဆောင်းဟွန်းနီးကိုတော့ အန္တာရယ်ပေးမယ့်လူမဟုတ်တာ ကိုတော့ ယုံတယ်။