ဆောင်းဟွန်းဂျောင်၀န်းအိမ်ရောက်တာ 1လရှိခဲ့ပြီ သူဘယ်လိုမှဂျောင်၀န်းအိမ်တွင်ပိတ်လှောင်မနေချင်ပါ။ သူ့အားစိတ်ပူနေမည့်ဂျယ်ယွန်းဟျောင်းကိုလဲတွေ့ချင်မိသည်။
ထို့ကြောင့်
ဆောင်းဟွန်း ဒီနေ့ညဘက်တွင် ယန်းဂျောင်၀န်းရဲ့ပိတ်လှောင်ထားမှုမှ ထွက်ပြေးဖို့စီစဉ်ထားသည်။သူစောင့်မျှော်နေသည့်အချိန်အားရောက်လို့လာပြီမို့ ဂျောင်၀န်းအခန်းအား ခြေသံဖွဖွနင်း၍ သွားကြည့်ရသေးသည်...။ဂျောင်၀န်းအိပ်နေသည်ဆိုမှ သူလဲအိမ်အောက်ထပ်ကိုဆင်း၍ လူအရိပ်အခြေကြည့်ရသည်။
ဂျောင်၀န်းကအရင်ကဆိုတော်တော်နဲ့မအိပ် ခုညမှဘာလို့ဒီလိုတန်းအိပ်သွားရတာလဲဆိုတာက ပတ်ဆောင်းဟွန်းလက်ချက်ကြောင့်ပင်...။ဆောင်းဟွန်းက bartender တစ်ယောက်ဖြစ်သည်မို့ ဘာကိုရောစပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတာကြောင့် ဂျောင်၀န်းအား တခွက်နဲ့မှောက်သွားစေမည့် ဟာကိုဖျော်တိုက်ခဲ့သည်။
သူသိပ်ပျော်မိသလိုတစ်ဖက်တွင်လဲ သူ့စိတ်သည်သိပ်၀မ်းနည်းနေပါသည်...။ဒါကိုသူသတိထားမိပေမဲ့ လျစ်လျူရှုပြီး ထွက်ပြေးမည့်အကြံကိုသာလုပ်ဆောင်နေသည် ။
အိမ်အောက်ထပ် တွင်သူအရင်ကလေ့လာခဲ့သလောက်ညဘက်ဆို အိမ်အောက်တွင်ဘယ်သူမှမရှိ ...။ဆောင်းဟွန်း ထိုကြောင့် အေးဆေးပင်ဖြစ်ကာ အိမ်တံခါးအား ခပ်တိုးတိုးဖွင့်ပြီးထွက်သွားရုံပင်...။
"ယန်းဂျောင်၀န်းနှုတ်ဆက်ခဲ့ပါတယ်။"
ဆောင်းဟွန်းအိမ်တံခါးဘက်လှည့်ပြီး ခပ်တိုးတိုးရွတ်ဆိုလိုက်တယ်...။
ခုသစ်တောထဲကိုသူရောက်ခဲ့ပြီ ဒီသစ်တောတွင် ဂျောင်၀န်းသူ့အားပေးထားသည့်ဖုန်းကflashlightအကူအညီနဲ့လမ်းမပေါ်ရောက်အောင်သွားဖို့ပဲလိုတော့တယ်။
"ဖိုက်တင်းဆောင်းဟွန်း"
ပြေးလွှားပြီးသွားမနေတော့ဘဲ ခပ်အေးအေးသာ လမ်းလျှောက်ပြီးသွားတော့တယ်...။စိတ်ထဲတွင်လည်းတမျိုးကြီးဖြစ်နေမိသည်...။
ဆောင်းဟွန်း သစ်တောထဲတွင် သူ့ရှေ့တွင် လူတစ်ယောက်အားတွေ့လိုက်ရသည်....။
အကူအညီရပြီဆိုပြီး ပျော်နေမိသည်...။