ဆောင်းဟွန်း သတိရလာတော့ သူ့အခန်းမဟုတ်သည်ကို သတိထားမိသွားသည်။
သူ့ရောက်နေသည့်အခန်းတခုလုံးက အဖြူရောင်များဖြင့်ပြည့်နေသည်။ ပရိဘောဂကအစ အဖြူကိုသာသုံးထားသည်။"အား ခေါင်းကိုက်လိုက်တာ"
ဟိုနေ့က clubမှာ ပြသာနာတက်ပြီး ငါမေ့လဲသွားတော့
ယန်းဂျောင်၀န်းကသူ့ကိုခေါ်လာခဲ့တာပဲ...။
"ငါ့ ဖုန်းကော ဘယ်ရောက်သွားတာပါလိမ့်"
ဆောင်းဟွန်းလဲကုတင်ပေါ်က ဆင်းကာ သူ့ဖုန်းအား ဘီရိုအံ့ဆွဲတွေထိ လိုက်လှန်ရှာနေရသည်။သို့သော် ယန်းဂျောင်၀န်း ရိုက်ခွဲထားသည့်သူ့ဖုန်းလေးကတော့ ပတ်ဆောင်းဟွန်း ဘယ်လိုပဲရှာရှာတွေ့မည်မဟုတ်...။
အခန်းတံခါးက ပွင့်လာသည်မို့ ဆောင်းဟွန်းလဲ ကုတင်ပေါ်သို့အလျင်အမြန်ပြန်တက်ရသည်။
၀င်လာသည့်သူက ယန်းဂျောင်၀န်းဖြစ်နေတယ်...။
ယန်းဂျောင်၀န်းနဲ့အတူရှိရင် သူ့အား ဂျောင်၀န်းသည် နွေးထွေးလုံခြုံမှုပေးနိုင်သည်ဟု ခံစားချက်မျိုးရနေခဲ့သည်။
ပတ်ဆောင်းဟွန်း ဒီကြောင်ရုပ်နဲ့ယန်းဂျောင်၀န်းကိုဘာကြောင့်ဒီလောက်ယုံကြည်နေရတာလဲ မသိတော့....။
တကယ်ဆို ဒီလို AOBလောကကြီးက မည်သူ့ကိုမှသိပ်မယုံကြည်သင့်...။
ဆောင်းဟွန်းတို့လို Omega တွေက အဖိအနှိပ်ခံရသည့်မို့ Omega အများစုဟာ သူတို့ Omega ဆိုသည့် အချက်ကို ဖုံးကွယ်ထားကြရသည်။
ဒါပေမဲ့ ယန်းဂျောင်၀န်း သူကတော့ ထူးခြားသည် clubမှာ သူနဲ့ပြသာနာတက်ခဲ့သည့် သူနဲ့ တူတူပဲလို့ တွေးမိလိုက်တဲ့ ဆောင်းဟွန်းရဲ့ဦးနှောက်ကိုသာ ဖောက်ထုတ်လိုက်ပစ်ချင်သည်...။
"ဟို ဂျောင်၀န်းရှီး..."
ဂျောင်၀န်းက သူ့ကုတင်ဘေးဖက်အခြမ်းတွင်လာထိုင်သည်မို့ ဆောင်းဟွန်းနောက်နည်းနည်းဆုတ်လိုက်ရသေးသည်...။
"အမ်း အချစ်ပြောလေ"
ယန်းဂျောင်၀န်းရဲ့အသံက ဘာလို့အဲ့လောက်နားထောင်ကောင်းနေရတာလဲပတ်ဆောင်းဟွန်းရာ...။