Part 2

363 30 0
                                    


ဆောင်းဟွန်း ဒီနေ့တော့ သူအလုပ်ဖြစ်တဲ့clubအား စောစောသွားရန်ပြင်လိုက်သည်။ပုံမှန်ဆို စောစောမသွားဘဲ အလုပ်ချိန်5နာရီမှသွားပေမဲ့ ခုကအရင်နေ့ညက အလုပ်ခွင့်ယူထားတဲ့အတွက် 4နာရီလောက်သွားလိုက်သည်။

အလုပ်ကိုရောက်တော့ ၀န်ထမ်းတွေကို အလုပ်အကြောင်းရှင်းပြနေတဲ့ မန်နေဂျာရှင်းမ်ဂျယ်ယွန်းကိုတွေ့ရသည်။ ခုချိန်4နာရီတွင်တော့ clubကိုလာတဲ့သူမရှိသေးသည့်အတွက် မန်နေဂျာရှင်းမ် နဲ့ အတူအလုပ်ကူလုပ်ပေးနေလိုက်သည်။ ၀န်ထမ်းတွေကို မှာတမ်းခြွေပြီးတာနဲ့ ဂျယ်ယွန်းလဲ ဆောင်းဟွန်းနားသွားပြီး စကားတွေပြောရင်းနားနေသည်။ မန်နေဂျာအလုပ်ကပင်ပန်းလိုက်ပါဘိ။ အရာရာ ဟာ သူ့တာ၀န်ချည်းသာ။ ပတ်ခ်ဆောင်းဟွန်းတို့ကြလဲ အေးဆေးပင် သူတယောက်ထဲ ဖျော်လို့မနိုင်ရင်တောင် ကူလုပ်ပေးသည့် ၀န်ထမ်းတွေကရှိနေသည်။

"ဆောင်းဟွန်းနီး ငါမင်းကိုမေးမယ်မေးမယ်နဲ့မမေးလိုက်ရဘူး ဟိုနေ့ကသူနဲ့က ဘာပြောကြတာလဲ"

ရှင်းမ်ဂျယ်ယွန်းတို့များ စပ်စုလိုက်တာလွန်ရော

" အာ hyung ကလဲ သူ က အလုပ်..အလုပ်အကြောင်းမေးတာပါ"

ဆောင်းဟွန်းလဲအလုပ်ချိန်မဟုတ်သည့်အတွက် ရှင်းမ်ဂျယ်ယွန်းကိုပေါ့ပေါ့ပါးပါး hygဟုသာခေါ်လိုက်သည်။

ဆောင်းဟွန်း လိမ်ပြောလိုက်မိသည်။ အဲ့ယန်းဂျောင်၀န်းဆိုသူက သူ့ကို လာဖလစ်တဲ့အကြောင်းသာပြောလိုက်ရင် ရှင်းမ်ဂျယ်ယွန်းဟာ သူ(ဆောင်းဟွန်း)နဲ့  လိုက် မလိုက် ခေါင်းအစခြေအဆုံးကြည့်ပြီး လိုက်ရင်
နေ့တိုင်း ပြောလို့ ပြီးမှာမဟုတ်အဲ့ယန်းဂျောင်၀န်းကို မကြိုက်ဘူးလား မင်း partner ဖြစ်ဖို့အသင့်တော်ဆုံးဘာညာနဲ့ နားပူပေလိမ့်မည်။ မလိုက်ရင်လဲ ရုပ်ကိုကဘယ်လိုဘာညာနဲ့ အဲ့လိုလူမျိုး တသက်လုံးရှောင် သေတောင်မဆင်းရဲ ဘာညာပြောပေလိမ့်မည်။ ရှင်းမ်ဂျယ်ယွန်းဟာ သူရဲ့အမေတ‌စ်ယောက်လို အကိုတ‌စ်ယောက်လိုနွေးထွေးပေးတယ် မိဘတွေမရှိ ဆွေမျိုးသားချင်း မရှိတဲ့ သူလိုတစ်ကောင်ကြွက်အတွက် အကောင်းဆုံး မိသားစုတ‌စ်ယောက်လိုပင်။

𝐌𝐲 𝐏𝐨𝐬𝐬𝐞𝐬𝐢𝐯𝐞 𝐀𝐥𝐩𝐡𝐚 // 𝑌𝑎𝑛𝑔ℎ𝑜𝑜𝑛Where stories live. Discover now