ကုတင်ထက် လဲလျောင်းနေတဲ့ဆောင်းဟွန်းအား ကြည့်ပြီး ဆရာ၀န်ကတော့ ပင်ပန်းလွန်းနေတဲ့ပုံပေါ်လို့ အိပ်ဆေးထိုးေပးခဲ့လိုက်ပြီးဂျောင်၀န်းကိုစိတ်မပူဖို့သာမှာခဲ့သည်။ ဆေးအရှိန်နဲ့အိပ်မောကျနေသည့် သူ့အချစ်အားကြည့်ရင်းဂျောင်၀န်းသက်ပြင်းချနေမိသည်မှာအခါခါ တကယ်လို့ သူသာ အလုပ်ရူပ်ပြီး အဲ့ clubကိုရောက်မလာခဲ့ပါလျှင် သူ့အချစ်ဘယ်လိုဖြစ်နေမလဲဆိုတာ တွေးကြည့်လို့တောင်မရပေ။ Tyler James ဆိုသည့်ကောင်ဟာ တကယ့်အမှိုက်စရိုက်ပင် လူတစ်ယောက်ကို သေတဲ့ထိနှိပ်စက်သည် ဆိုသည့် သတင်းဆိုးတွေထွက်ဖူးသည့်လူပင် အဲ့လိုလူလက်ထဲ သူ့အချစ်သာရောက်သွားခဲ့ပါလျှင် သူ့အချစ်ဘ၀ပျက်ရပေလိမ့်မည်။
သူ့အတွင်းရေးရေးမှုးကိုကျေးဇူးတင်လွန်းလို့ ထိုင်တောင်ကန်တော့ အဲလေ ကန်တော့တဲ့ထိကတော့မဟုတ်သေးပါဘူး ခွင့်တလလောက်တောင်ပေးချင်မိသည်။ ဘာလို့ဆို သူ့အတွင်းရေးမှုးကပဲ ဒီclubကို ဒီညသူသွားရေတာ့မည်မဟုတ်ဟု တွေးထားသည့်ကြားက သွားရအောင် လုပ်ပေးခဲ့သည့်သူလေ
သူ့ကျေးဇူးကြောင့်သာ အရာရာအကုန်အဆင်ပြေသွားတာ။
Flash back
.
.
ဂျောင်၀န်းဘယ်လိုလုပ် ဆောင်းဟွန်းလေးအခက်အခဲ ကြုံနေချိန် ရောက်လာရလဲဆိုတာက သူ့အတွင်းရေးမှုး၏ကျေးဇူးတော်ကြောင့်ပင်တကယ်ဆို သူဒီနေ့ အချစ်ဆီကိုသွားတွေ့ဖြစ်မှာမဟုတ်ပေ။ ဒီနေ့ သူ့ company ရဲ့အရေးကြီးဧည့်သည်တော်တစ်ဦးနဲ့အလုပ်ကိစ္စတွေ့ရမှာပင် သူ့အလုပ်စားပွဲမယ်ဆို စစ်ဆေးရမယ့် စာရွက်စာတမ်းတွေမှာတောင်လိုပုံနေပြီ။ အရင်ရက်တွေကအလုပ်မလုပ်ဘဲ ပတ်ဆောင်းဟွန်းကိုပဲသွားငမ်းနေခဲ့သည် အကျိုးရလဒ်ဖြစ်တယ်။
အခုလဲ Aussie ကလာတဲ့ဧည့်သည်နဲ့ ဘယ်မှာ dinner စားရမလဲလို့ စဉ်းစားနေရသည်။ သူ့စိတ်အတိုင်းသာဆို club မှာပဲ ဖိတ်ကျွေးလိုက်ချင်တော့တယ်။ဒါပေမဲ့ လုပ်လို့မရပေ သူ့ရဲ့ချစ်လှစွာသော ဒယ်ဒီဖားသားကြီးက သေချာစည်းစနစ်ကျကျ dinnerကျွေးဖို့နဲ့ စကားသေချာပြောဖို့ပါမှာထားသည်မို့ သူ့စိတ်ကြိုက်လုပ်လို့မရ။