Part 8

414 29 2
                                    

ဆောင်းဟွန်း ဂျောင်၀န်းနဲ့အတူနေပြီးကတည်းနောက်ပိုင်းတွေမှာလဲ ဂျောင်၀န်း rutကာလရောက်တိုင်းအတူနေဖြစ်သလို ဆောင်းဟွန်းရဲ့ heat ကာလရောက်တုန်းလဲအတူ‌နေဖြစ်ကြသည့်မို့ ဆောင်းဟွန်းအခုရက်ပိုင်းပျို့တက်ပြီးအန်ချင်သလိုခနခနဖြစ်လေ့ရှိတယ် ။

အစပိုင်းတွင်တော့ အစားမှားလို့  ပျို့အန်ချင်တာလို့ပဲထင်ပေမဲ့ ဒေါက်တာနဲ့ပြကြည့်တော့အစားမမှားဘဲ ကလေးရနေတာဖြစ်ကြောင်းသိခဲ့ရသည်..။

ကိုယ်၀န်ဟာ3လလောက်ရှိနေပြီတဲ့လေ...။

ထိုအကြောင်းအားကြားကြားချင်းတုန်းကဆိုဆောင်းဟွန်းငိုချင်းချမိသည်။ သိပ်လဲပျော်မိသလို တဖက်တွင်လည်း ၀မ်းနည်းမိပြန်သည်။ အကြောင်းက ဂျောင်၀န်းကသူ့အား ကလေးရနေပြီဆိုပြီး မချစ်မနှစ်သက်တော့ရင် ဆိုသည့်‌စိတ်ကြောင့် ၀မ်းနည်းစိတ်နဲ့အတူသိမ်ငယ်စိတ်တို့ပါ ၀င်လာရသည်။
ဒါပေမဲ့ ဂျောင်၀န်းက သူထင်ထားသလို ကိုယ်၀န်အားဖျက်ချခိုင်းခြင်းမရှိခဲ့ဘဲ သူ့အား‌
ပွေ့ဖက်ပြီး မောင်တို့ လက်ထပ်ရအောင်ဟုပင်ပြောခဲ့သေးသည်။

ဆောင်းဟွန်း ဂျောင်၀န်းကိုလဲ တနေ့တခြား ချစ်မိလာခဲ့ပါသည်။ ဂျောင်၀န်းကလဲ သူ့အားလိုလေးသိပ်မရှိအောင် ‌ဖြည့်ဆည်းပေးသည်။ ဆောင်းဟွန်းလဲ ထိုသို့အချစ်ခံရမှုတွေကြောင့် တနေ့တခြား ဂျောင်၀န်းအားချစ်မြတ်နိုးမိလာခဲ့သည်။

ကောင်လေးဖြစ်ပြီး ကလေးရသည့်ကိစ္စသည် omegaverse လောကတွင် မထူးဆန်းပေမဲ့ ‌အနည်းငယ်တေယ့ ဆောင်းဟွန်းရှက်ရွံ့မိသည်။ ကိုယ်၀န်ရင့်လာတာနဲ့အမျှ သူ့ဗိုက်လေးသည်လဲ တနေ့တခြားပိုပို ဖောင်းလာရသည်။

မဟုတ်တမ်းတရားတွေလဲ ဆောင်းဟွန်းစားချင်လာပြန်တယ်။
ထိုသို့ မဟုတ်တရုတ် အစားစာတွေအားဂျောင်၀န်းကို ‌ချွဲနွဲ့ပြီးတောင်းဆိုတော့ ယန်းဂျောင်၀န်းခဗျ ခေါင်းနပန်းကြီးရသည်။

"မောင် ... ငါလေ ငါးခြေထောက်သုပ်စားချင်တယ်။"

အမ်း² ငါးခြေထောက်သုပ်ဆိုပဲ မဟုတ်တာတွေစတောင်းပြီး ယန်းဆောင်းဟွန်းတို့ကတော့။

𝐌𝐲 𝐏𝐨𝐬𝐬𝐞𝐬𝐢𝐯𝐞 𝐀𝐥𝐩𝐡𝐚 // 𝑌𝑎𝑛𝑔ℎ𝑜𝑜𝑛Where stories live. Discover now