ဆောင်းဟွန်း ယန်းဂျောင်၀န်းအိမ်ထဲကနေဘယ်အပြင်ကိုမှမထွက်ရသည်မှာ 15ရက်လောက်ရှိနေပြီဖြစ်တယ်...။
နေသားကျလာသည်ဆိုရမလား?သူ ယန်းဂျောင်၀န်း ရဲ့ ပိတ်လောင်မှုမှာတကယ်ကိုနေသားကျနေခဲ့ပါပြီ...။
15ရက်အတွင်း ဆောင်းဟွန်းအား ယန်းဂျောင်၀န်းက လက်ဖျားနဲ့မထိခဲ့...။
Alphaတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ rutကာလကိုရောက်ခဲ့သေးတာတောင် ယန်းဂျောင်၀န်းက သူ့အား မထိခဲ့ပါ ဆေးအကူအညီဖြင့်သာ နေနေခဲ့တယ် rutကာလသုံးရက်ကို... အခန်းတွင်းအောင်းပြီးအပြင်ကိုလဲမထွက်ခဲ့သလို မည်သူကိုမှလဲ ဤအခန်းထဲအားအ၀င်မခံ အထူးသဖြင့် ပတ်ဆောင်းဟွန်းအား အခန်းရှေ့ကိုဖြတ်မလျှောက်ခိုင်း...။
ပတ်ဆောင်းဟွန်းအားစိတ်မထိန်းနိုင်ဘဲ လုပ်မိလုပ်ရာဆိုးသည်ကြောင့် ထိုသို့လုပ်ရခြင်း ...။
Rutကာလပြီးတော့ ယန်းဂျောင်၀န်းက ပုံမှန်အတိုင်း ပတ်ဆောင်းဟွန်း အတွက် မနက်စာကအစ ညစာအဆုံး သူကိုယ်တိုင်ပြင်ပေးသည်...။
ဒါပေမဲ့...
ပတ်ဆောင်းဟွန်းက ဒီလိုစံအိမ်ကျယ်ကြီးထဲမှာ ချုပ်နှောင်ခံထားချင်သည့်လူမျိုးမဟုတ်...။
သူလွတ်လွတ်လပ်လပ် သူ့ဘ၀သူပိုင်ချင်ပါသည် ။
သူ့အား ဂရုစိုက်ပေးတာတွေကိုကျေးဇူးတင်ပေမဲ့ သူအား ချုပ်နှောင်ထားသည်ကတော့မဖြစ်သေးဘူးမလား...။
ယန်းဂျောင်၀န်းဆိုသည့်ကောင်လေးက ပတ်ဆောင်းဟွန်းအပေါ် သိပ်ချုပ်ချယ်လွန်းပါသည်...။
ဒါက ချစ်လွန်းလို့ဖြစ်တည်လာတဲ့အတ္တစိတ် ထင်ပါရဲ့...။သို့ပေမဲ့ ဒီလိုအတ္တကြီးခြင်း အချစ်ခံရသည့်သူအပေါ် မွန်းကြပ်စေတာကို ယန်းဂျောင်၀န်းမသိခဲ့...သူသိဖို့လဲမကြိုးစားခဲ့ဘူး ဘာလို့ဆို သူက သူလိုချင်တဲ့အရာကိုရအောင်ယူတတ်တဲ့ အတ္တသမားမို့ပဲ...။
ဒါက ပတ်ဆောင်းဟွန်းအပေါ်ပဲဖြစ်တည်တဲ့အတ္တမျိုး!"ပတ်ဆောင်းဟွန်းရေ မင်းစဉ်းစားစမ်းစဉ်းစားစမ်း ဘယ်လိုလုပ်ရင် ဒီအိမ်ကြီးထဲကနေထွက်ပြေးနိုင်လဲဆိုတာ"
ဆောင်းဟွန်း အိမ်ခြံထဲက ပန်းခြံတွင် ရှေ့နောက်ခေက်တုံခေါက်ပြန်လျှောက်ရင်း ပါးစပ်ကနေတတွတ်တွတ်ပြောနေလေသည်။