"Yang seonwoo!!"
ယန်းစံအိမ်တော်အပေါ်ထပ်မှထွက်ပေါ်လာသည့်ကောင်လေးတစ်ယောက်ရဲ့အော်သံ ။
"အာနီး တား နံမယ်က ဆောနူဘာဆို seonwooဟုတ်ဝူးလို့စ် ပါးပါး"
ဟောထပ်ပြီးကလေးတစ်ယောက်ရဲ့ခပ်စွာစွာအသံလေးကထွက်ပေါ်လာပြန်တယ်။
ထိုအသံတွေက ပတ်ဆောင်းဟွန်းနဲ့ သူ့ရဲ့5နှစ်သားကလေးလေး Yang seonwoo တို့ရဲ့အသံ။
ဘာပြဿာနာတက်သည်တော့မသိပေမဲ့ ယန်းဂျောင်၀န်းအလုပ်ကနေသာပြန်လာရင် သူ့ရဲ့ချစ်လှစွာသော ယောင်္ကျားနဲ့သူ့သား ရစ်တာများအား ခံရမယ့်ဖြစ်ခြင်း။
ပြောရင်းဆိုရင်း ယန်းဂျောင်၀န်းတို့ အလုပ်ကနေပြန်ရောက်လာခဲ့ပါပြီ။
စံအိမ်ကြီးရဲ့ဧည့်ခန်းတွင်တော့ ကျက်သရေမရှိစွာ တစ်ယောက်နဲ့တစ်ယောက် မျက်စောင်းများထိုး၍ မျက်နှာများက စူပုပ်ပုပ်ပုံစံတွေလုပ်နေကြသည်။
ထိုနှစ်ယောက်ကတခြားသူတော့မဟုတ်။ ဂျောင်၀န်းအား အိမ်ပြန်မလာရင်ညစာငတ်မယ်လို့ ဖုန်းဆက်ခေါ်သည့် ဆောင်းဟွန်းနဲ့ သူ့သားအစွာလေး ယန်းဆော့ဝူတို့ပေါ့။စွာချက်ကတော့ သူ့ပါးပါးအတိုင်းပဲ။
"ကဲ ဒီခါဘာပြဿာနာတက်ကြပြန်ပြီလဲ ဒီသားအဖတို့က"
ဆိုဖာတွင်ခပ်ခွာခွာထိုင်နေသည့် သူနှစ်ယောက်ကြား ဂျောင်၀န်း၀င်ထိုင်ရင်းစကားစလိုက်တယ်။
ထိုအခါ နှုတ်ခမ်းတထော်ထော်နဲ့ သူ့သားလေးကပြန်ဖြေရှာသည်။
"ပါးပါးပေါ့ တားတားနံမယ်ခို ဆောနူလို့ဘဲ ကော်ပါစိုတာဂို seonwoo seonwoo လို့ပဲလာလာကော်နေတာ ဟွန့်"
"အောင်မာ ငါမင်းကိုမှည့်ပေးတဲ့နာမည်က Yang seonwoo လေ ဘာဆောနူလဲ ဆောနူဆို သွား ငါနဲ့စကားလာမပြောနဲ့"
"အင့် ပါး...ပါးပါးက တားဂို ပစ်တွားပီ ဒက်ဒီ အီးးးဟီဟင့်"
ဆောနူက ဆောင်းဟွန်းပြောလိုက်သည့်စကားကြောင့် ငိုတာမဟုတ်ဘဲ သူ့ဒယ်ဒီရှိနေသည့်အတွက်ကြောင့် ဒရမ်မာများခင်းလိုက်ခြင်းသာ။ ဒီအကွက်တွေသူဘယ်ကတက်လဲဆိုရင်တော့ ဟဲဟဲ သေချာပေါက် သူ့ပါးပါးဆီကပေါ့။