part-4

1.5K 50 13
                                    

အခန်း 4

အခန်း ၎

"နွေးဒါလီ....အေးဇာခြည်....မိုးဟေသီ

ဒီတစ်သက် ထဖို့ အစီအစဉ် ရှိကြသေးလား ဟမ်း..

ဘုရားဆူး မိန်းမတွေပါတော်......

ပျင်းလိုက်ကြတာ အရည်တောင် တောက်တောက်ကျတယ်"

"ဟ ........ ဘာဖြစ်တာလဲ...

ထကြပါဦးကွ......ထကြ...ထကြ

မတို့အိမ်မှာ ဘာဖြစ်တာလဲ မသိဘူး

ဆူညံနေတာပဲ......"

အိပ်မောကျနေတုန်း ဆူးဆူးဝါးဝါး အော်ချလိုက်သည့် မရဲ့အသံကြောင့် ရုတ်တရပ် ငုတ်တုတ်ထထိုင်မိကာ လူလဲ လန့်ဖြန်ပြီး ချွေးတွေပါ ပြန်လာရတော့သည်။

သူ့လိုပင် မင်းသော်တာနှင့် ရှိုင်းခေတ်ပါကြားသည်ထင်သည် ပြူးတူးကြောင်တောင်တွေဖြစ်နေကြကာ ပြူတင်းပေါက်ကနေပဲ ဟိုဘက်ခြံထဲ ခုံချကြမလိုလိုတွေ ဟန်ပြင်နေကြတုန်း မထချင်ထချင်ဖြင့် ထလာသော ကျော်ကျော်က မျက်စိမဖွင့်ပဲ လက်ကာပြကာ လည်ချောင်းရှင်း၍

"သင်ကိုယ်တိုင် နိုးထရမည့်အချိန်ရောက်ပြီ...."

"ဘာတုန်း...လန့်လိုက်တာကွာ..."

အားနှင့်မာန်နှင့် တရားဟောဆရာမအသံနေအသံအထားတိုင်း ပိတ်အော်လိုက်သည့် ကျော်ကျော့်ကြောင့် ပိုဆိုးကုန်ကြမှ ကျော်ကျော်က အပြင်းဆန့်ကာ ကုတင်ပေါ်မှ ဆင်းလာလေသည်။

"ငါပြောပါတယ် သူ့ရဲ့ အသံဆိုးအသံကြောင်ကို

မကြားရသေးလို့ ပါဆိုနေကာမှ......

အဲ့တာ မနက်တိုင်း သူ့တူမတွေကို နှိုးတဲ့အသံ

မင်းတို့ကို ပြောပြီးသားလေ ရပ်ကွက်လော်ပါဆို

ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံတောင်

သူ့အော်သံလောက် စိတ်မဝင်စားကြဘူး....

အဲ့အသံ ပျောက်တဲ့နေ့ တစ်ရပ်ကွက်လုံး....

အလုပ်နောက်ကျတဲ့နေ့ပဲ......

အါ့ကြောင့် ညက စောစောအိပ်ကြဖို့ပြောတာပေါ့"

"ရပ်ကွက်ရဲ့ အလန်းကြီးပေါ့.....

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now