part-5

1.4K 47 0
                                    

အခန်း ၅

"အဲ့ဒါဆို.....ဒါပဲလေနော်...

ရောက်မဲ့ ဖလိုက်ရဲ့နံပါတ်နဲ့ အချိန်လေး

ပို့ထားပေး.....လာကြိုမယ်နော်...."

သူမဗီဒီယိုကောကိုချလိုက်ပြီးသည်နှင့် နားကျပ်ကိုဖြုတ်လိုက်ကာ အိပ်တော့မလို့ပင် နားထဲအသံသဲ့သဲ့ဝင်လာတာကြောင့် သေချာစိုက်၍ နားထောင်ကြည့်လိုက်တော့ အပေါ်ထပ် ဝရံတာမှလာနေကြောင်း သိလိုက်သည်နှင့် အပေါ်ထပ်သို့ တက်လာလိုက်တော့သည်။

ထင်သည့်အတိုင်း အေးဇာခြည်တစ်ယောက် ဝရံတာမှာ အကျအန ဖုန်းတစ်လုံးနှင့် ကြူနေကြောင်နေတာကို မြင်လိုက်ရသလို ဘေးမှ အညှောင့်နှစ်ကောင်ကလဲ တစ်ခိခိနှင့် သဘောတွေကျနေတာကြောင့် ဒီတိုင်းဘာတွေပြောနေလဲ နားထောင်ကြည့်လိုက်ရာ တစ်ဖက်မှာကောင်လေးက တစ်ရာဖိုးသုံးပုဒ် ဒိုင်ကြောင်တွေလွှတ်ပြီး ကလူအိမြူအိတွေလုပ်နေတာကို မြှီးကောင်ပေါက်မတွေက အဟုတ်ကြီးထင်ပြီး သာယာနေကြတာများ ချီးပေါ်လို့မြူးနေသည့် ရေတက်ငစဉ်ရိုင်းတွေလို စပ်စလူးတွေကိုခါနေကြတာများ မြင်လို့ပင် မကောင်းပေ။

"အေ.....အဲ့လိုပေါတောတောတွေ

ပြောနေတာကို နင်တို့က သာယာနေကြသိလား.."

"အဲ့ဒါ ဘယ်သူတုန်း....

ဘယ်သူလဲ အမေလား...."

"အမေမဟုတ်ဘူး အဒေါ်ပါ...."

ဒိုင်ကြောင်ကိုယ်တော်က အသံပဲကြားပြီး လူမမြင်တော့ လှမ်းမေးနေတာကို အူကြောင်ကြား မိုးဟေသီက သံတော်ဦးတွေ တင်နေသေးသည်။

"ဟုတ်လား....အဒေါ်ဆိုတော့...

လူဆုံတုန်းလေး အန်တီ့ကို ပြောစရာရှိလို့ပါ

အန်တီရေ ခွင့်ပြုပါဦးဗျ..."

"ပြောချလိုက်စမ်း....ဘာများလဲ.."

"အန်တီ့တူမကို ကြိုက်လို့လေ.....

လာတောင်းချင်လို့....ခွင့်ပြုပေးပါ..."

ပြောနေဆိုနေပုံက ရဲတင်းလွန်းတာကြောင့် ဆွမြင်ကကပ်လာကာ ထိုင်နေသော သုံးယောက်ကို ဖယ်ခိုင်းပြီး သူမဝင်ထိုင်လိုက်ကာ ဘာapp သုံးနေလဲကြည့်လိုက်ရာ ထင်သည့်အတိုင်း ခုမှပေါ်လာပြီး ဟိုလူလဲဒီစကားပဲပြော နောက်လူလဲဒီတော်ကီပဲပြောသည့် app ဖြစ်နေတော့ တစ်ချက်မဲ့လိုက်ကာ...

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now