part-20

1.2K 36 0
                                    

အခန်း ၂၀

"သမီးရေ...စိတ်ဆိုးတာလဲ ဆိုးပေါ့ဟယ်....

ကောင်လေးခမျာ နေပူတယ်လေ

နေ့ခင်းကလဲ ထမင်းမစားရသေးဘူး...

ညနေစောင်းတော့မယ်...ထမင်းခေါ်ကျွေးလိုက်ပါလား"

"မကျွေးနဲ့လို့ သမီးက ပြောနေလို့လား...

အမေသွားခေါ်လေ...သမီးတော့ လာမခေါ်ခိုင်းနဲ့

မသွားနိုင်ဘူး....အဲ့လိုနေဖို့လဲ သမီးမပြောဘူး

သူ့ဟာသူ နေတာ...သမီးနဲ့ ဘာမှမဆိုင်ဘူး...

တော်ပြီ အိပ်တော့မယ်...."

"ဟဲ့....ညနေစောင်းကြီး အိပ်မလို့လား

အေး....လုပ်ချင်တာ လုပ်ကြဟေ့.....

ငါလဲ နေချင်သလိုနေတော့မယ်....

စိတ်တွေ ဆင်းရဲတယ်...."

အမေပြောချင်တာပြော သူမကတော့ အခန်းထဲဝင်ကာ တကယ်ပင် အိပ်ပစ်လိုက်တော့သည်။ ဘာတုန်း စိတ်ဆိုးနေပါတယ်ဆိုမှ ဘယ်သူက ခေါ်မှာလဲ နေပေ့စေပေါ့။

အမေနဲ့ စကားပြောလျှင် တရားတွေပြတော့မည်မို့ ၄နာရီထဲက ထမင်းတောင် မစားတော့ပဲ တမင်ဝင်အိပ်လိုက်တာ တံခါးထုသံ ခက်ပြင်းပြင်းကြောင့် နာရီကြည့်မိရာ ည၈နာရီထိုးသွားလေတော့သည်။

"နွေနှင်းမြူ.....ဟဲ့....နွေနှင်းမြူ..."

"ဘာလဲ အမေရာ....

အိပ်ကောင်းခြင်း မအိပ်ရဘူး...."

"နင်ကအိပ်နေ....ငါ့သားလေး....

ငါ့သားလေး.....သေပြီထင်ပါတယ်

ညည်း ရက်စက်လိုက်တာအေ....

အပြင်မှာ မုန်တိုင်းတိုက်နေတာတောင်

ညည်းမို့ ဒီတိုင်း ထားရက်တယ်....

ငါ့မွေးထားတဲ့သမီး အဲ့လောက် စိတ်ယုတ်မယ်

မထင်ထားဘူး အေ....အီး..."

အခန်းကအသံလုံတာရော အိပ်ပျော်နေတာကြောင့် မုန်တိုင်း ဝင်နေတာကို သူမတကယ်မသိလိုက်ခြင်းမျိုးပါ။ တစ်နေကုန်ပူနေတော့ လာမယ်လဲ မထင်ထားသည်ကြောင့် မျက်စိမျက်စံ ပြူးသွားရလေသည်။

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now