part-24 END

3.4K 62 13
                                    

အခန်း ၂၄ 

ဇာတ်သိမ်း

"အားလုံးပဲ မင်္ဂလာပါရှင်....NHM ရဲ့ live လေးကို

မျှော်နေကြပြီ ထင်တယ်နော်......

ကြေငြာထားသလိုပဲ အမိုက်စားမော်ဒယ်တွေက

ဘယ်လိုတွေတောင် အမိုက်စားတွေ ဝတ်ပြပြီး

ရောင်းချပေးသွားမလဲဆိုတာကို.....ကြည့်ကြမယ်နော်

အသဲလေးတွေလဲ ပေးကြပါဦးရှင် အားတွေမရှိတော့ဘူးနော်

Share လေးလဲလုပ်ပေးကြပါ......ဒီနေ့တော့ 

လုံးဝ....လုံးဝ.....ဟာခနဲ ဟင်ခနဲဖြစ်သွားစေမှာကို

အာမခံတယ်နော် အချစ်လေးတို့ စိတ်မပျက်စေရဘူး

ဗြူဝါလေး တက်လာအောင် ခဏစောင့်မယ်နော်..."

Live sale တစ်ခါမှ မလုပ်ဖူးပါဘူးဆိုသည်ကို ယုံချင်စရာတစ်စက်မှမရှိအောင် မက ပြောတတ်ဆိုတတ်လွန်းနေပါသည်။ ပြုံးနေလိုက်သည်များ သူ့မှာ သဝန်တွေတောင် တိုလာရကာ မလုပ်တော့နှင့်ဟု ထပြောမိလျှင်လဲ ဒီအကြံကို ကိုယ်ကပေးထားတာမို့ ထသတ်ဖို့သာ ရှိတော့လေသည်။

"လိုချင်တဲ့ ဗြူဝါမရှိသေးပေမယ့်....စောင့်မနေရအောင်

စလိုက်ကြမယ်နော်.......မြူခုစပြီး ရောင်းချပေးမှာက

အင်ဒိုနီးရှား ပါတိတ် စစ်တွေပဲ ဖြစ်ပါတယ်....

NHMက ကရောင်းသမျှကိုတော့ မစစ်မှာ စိတ်ပူစရာမလိုတာ

အချစ်တို့ အသိပါနော်....အများကြီးတွေ မညွှန်းတော့ဘူး

မော်ဒယ်တွေနဲ့ မိတ်ဆက်ပေးမယ်နော်....."

သူမ အင်ထရို လုပ်လိုက်သည်နှင့် အပေါ်ပိုင်းဗလာနှင့် ဗစ်တာက တက်တူးတွေရော ဗလတွေပါ ကြွားကာ ကင်မရာရှေ့ ရပ်လိုက်သည်နှင့် ရီအတ်တွေက wow တွေ ပြောင်းသွားရကာ မိုက်လိုက်တာတို့ အားကိုးချင်စရာကြီးတို့ ကိုကြီးနာမည်ခေါ်ပေးပါတို့နှင့် မန့်ပေါင်းသောင်းခြောက်ထောင် တက်လာတာကို ဗစ်တာက စိတ်ရှည်ရှည်နှင့်ဖတ်ပြီး ပြန်ပြောပေးနေကာ သူမ လှမ်းပေးသည့် ပါတိတ်တစ်ထည်ကို ဖောက်ပြီး ကိုယ်မှာပတ်ချလိုက်၍ ပခုံးပေါ်ပါ ဖမ်းတင်လိုက်ကာ မော်ဒယ်လျှောက်ပြနေသေးသည်။

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now