part-16

1.3K 31 0
                                    

အခန်း ၁၆

"ဒေါ်လေး......ပြန်လာကြပြီလား....

ဝမ်းသာလိုက်တာ.....အဟင့်...ဟင့်"

"မငိုနဲ့လေ သမီးရဲ့.....ပြန်ရောက်နေပြီပဲဟာ

ခြေထောက်က ဘယ်လိုလဲ....သက်သာရဲ့လား"

"ညီမလေး..... ခြေထောက်အနာကြီးနဲ့

ဘယ်လိုဖြစ်လို့ ပြေးဆင်းလာတာလဲကွာ

ပိုဆိုးသွားတော့မှာပဲ....."

မင်းထင်က ဘုကလန့်တွေ ပြောတက်လုပ်တက်ပင်မဲ့ သူ့ညီမတွေကိုတော့ ချစ်ရှာပါသည်။ တစ်ဦးတည်းသော သားတို့ ထုံးစံအတိုင်း ဝမ်းကွဲတွေကို အရင်းတွေလို သဘောထားတက်ကာ တစ်ခါတစ်လေတော့ မောင်နှမတွေ တစ်ယောက်နှင့် တစ်ယောက် ကြည့်မရတာတွေ ဖြစ်တက်ပေမဲ့ အသက်အရွယ် ကွာဟမှု့ကြောင့်ပါ အငယ်တွေကို ဂရုစိုက်တက် ကြင်နာမှု့တွေ ပြတက်တာတွေ ရှိတက်သည်။

မင်းထင်ရဲ့ ဆူပူမှု့ဒဏ်တွေကို နွေးဒါလီနှင့် အေးဇာခြည်က မခံနိုင်လို့ တစ်ခါတစ်လေ ရန်ဖြစ်ကြပေမဲ့ အချိန်တန် ပြန်တည့်သွားတက်ကြကာ မိုးဟေသီကတော့ ဘယ်သူဆူဆူ မျက်လုံးလေး ပေကလပ် ပေကလပ်နှင့်သာ အဆူခံစမြဲမို့ အငယ်ဆုံးလေးကို ဖြစ်စေချင်တာတွေကို လိုက်မလုပ်နိုင်လို့ ဒေါသထွက်ကြရသော်လည်း အချစ်ဆုံးလေး ဖြစ်လေသည်။

"ခြေထောက်က သက်သာနေပါပြီ.....

ကိုကြီးတို့ ပြောထားတဲ့ ရက်ထက် ကြာနေလို့

သမီးက စိတ်ပူနေတာ...တစ်ခုခုများ ဖြစ်နေပြီလားလို့

တွေးပြီး အရမ်းကြောက်နေတာ...."

"ဪ....ဖြစ်မှ ဖြစ်ရလေ....

မငိုနဲ့တော့နော်....ဒေါ်လေးတို့ ကြာနေတာက

အချင်းချင်း ငဲ့ပြီး သွားနေရလို့ပါ

ခုပြန်ရောက်နေပြီနော်....လာ....လာ

အားလုံးပင်ပန်းလာကြတာ.....နားပါစေ

သမီးလဲ ကောင်းခါစဆိုတော့ အနားသေချာယူနော်

လျှောက်တွေးပြီး စိတ်ဆင်းရဲ မနေနဲ့တော့...."

"ဟုတ်....."

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now