part-10

1.2K 38 0
                                    

အခန်း ၁၀

ဘဝဆိုတာ ထင်ထားတာထက် တစ်ခါတစ်လေ ပိုစိတ်ရှုပ်ရတဲ့ အခိုက်အတန့်တွေ ရှိတတ်ကြတာမို့ သူမတို့ကြားကို စပ်စလူးမတစ်ကောင် ရောက်လာသည်နှင့် လေဆင်နှာမောင်း မွေ့ခြင်းကို စတင်ခံစားရတော့သည်။

မောင့်ဘက်မှ အနေအထိုင်တည်ကြည်သော်ငြား စပ်စလူးစိန် ဓါတ်ဘူးပိန်မက အလိုက်ကန်းဆိုးမသိစွာ ဝင်ရှုပ်လေ့ရှိလေတော့ ရက်ပိုင်းအတွင်းမှာတင် စိတ်အနှောက်ယှက် တော်တော်ဖြစ်ရလေတော့သည်။

မောင်က အိမ်ပြန်နေသော်လည်း သူပြောသည့်အတိုင်း မိုးလင်းတာနှင့် အိမ်ရောက်လာတတ်သလို သူမနှင့် ချစ်သူတွေဖြစ်နေကြောင်းလဲ အခါအခွင့်သင့်တာနှင့် အိမ်ခေါ်သွားကာ ပြလေ့ရှိတတ်သည်ဆိုသော်လည်း ရတနာဆိုသည့်ကောင်မလေးက ကလေးလိုလို ခွေးလိုလိုပုံဖမ်းကာ မောင့်ကိုမြင်တာနှင့် ဖက်တက်ယက်တက်တော့မည့်ပုံစံတွေလုပ်ကာ အမြင်ကပ်ဖို့ကောင်းလောက်အောင်ပင် ဇွတ်ကလေးတွေ လုပ်ပြလေ့ရှိတက်သည်။

မိန်းကလေးချင်း ဘယ်သောအခါမှ နစ်နာအောင် မပြောဘူးမဆိုဘူး မကြည့်ဘူးသည့်တိုင် ဒီကောင်မလေးနှင့်မှ ဘယ်ဘဝက ရေစက်ဆိုးကြောင့်များ မြင်လိုက်သည်နှင့် အော့နှလုံးနာရသည်အထိ ဖြစ်ရမှန်းကို မသိပေ။

ခုလည်းမောင်က မနက်ဖြန် ခရီးထွက်ကြမည်ဖြစ်သည်ကြောင့် သူမကို အဝတ်အစားများ ကူထည့်ပေးစေချင်သည်ဟု တောင်းဆိုလို့ သူမလိုက်လာခဲ့တော့ လက်တွဲပြီး အိမ်ထဲဝင်လာသည်ကို ကြားဝင်ရပ်ကာ လက်တွဲဖြုတ်ပြီး မောင့်လက်မောင်းကို ပိုင်စိုးပိုင်နင်း မှီခိုနေတာ မြင်လို့ပင် မကောင်းပေ။

စောက်မြင်ကပ်ပုဒ်မနှင့် ဟဲ့နင့်နို့တွေကြား ငါ့ရည်းစားလက်ရောက်နေပြီ ကောင်မရဲ့လို့ ပိတ်အော်တော့မလိုပင်။ မောင်က သူမမျက်နှာ တစ်ချက်ပျက်သွားသည်နှင့် သူမတွဲထားသည့်လက်ကို ဆောင့်ခါလိုက်ကာ ဝေးသွားအောင်လည်း တွန်းထုတ်လိုက်ပြီး ချက်ခြင်းပင် သူမပုခုံးကို လာဖက်သည်ကြောင့် ဆွာတော့မည့်ပါးစပ်တွေကို အမြန်ဘရိတ်အုပ်လိုက်ရလေတော့သည်။

"ကိုကိုကလဲ လက်လေးတွဲတာကို

အရမ်း အကဲပိုတာပဲ.....

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now