part-7

1.3K 43 0
                                    

အပိုင်း ၇

"ဘယ်လိုဖြစ်လို့ အမေ့ကို

ရည်းစားတွေပါလို့ ပြောလိုက်ရတာလဲ.."

"ကျွန်တော်ပြောတာ မဟုတ်ဘူး..

လေးလေးက ပြောလိုက်တာ

မပဲ သူ့ကို အဲ့လိုပြောလိုက်တာကိုး....

မရဘူးနော် အားလုံးက လက်ခံပြီးနေပြီ

ကျွန်တော်ကတော့ ဒါကိုဖမ်းဆုပ်ထားမှာပဲ..."

"နည်းနည်းလေး နောက်ပြန်ဆုတ်လို့မရဘူးလား"

ဖင်ယားမှု့ အာမမခံဆိုတာ လက်တွေ့သိလိုက်ရတော့ ဈေးလေးဆစ်ကြည့်မိရာ ကိုယ်တော်ချောက ခါးခါးသီးသီးပင် တစ်ပြားတောင် လျှော့တော့မည့်ပုံ ပေါ်မနေပေ။

ဦးလေးလုပ်သူကို အမြင်ကပ်လို့ တူကိုအသုံးချလိုက်ကာမှ ရှေ့နေငှားလို့ ထောင်လုံးလုံးကျကိန်းဆိုက်သွားရလေတော့သည်။ 

ဒီကောင်လေးနှင့် ရည်းစားဖြစ်သွားလဲ ပြဿနာတော့မရှိပေ သူ့ကြည့်ရတာ ရည်းစားလဲ ထားခဲ့ဖူးသည့်ပုံ မပေါ်သည့်အပြင် ရန်ကုန်ကလဲ မဟုတ်တော့ ဒီကလူတွေလောက် လည်လည်ဝယ်ဝယ်မရှိတာလဲ သိသာသည်။

သူမအကြိုက်တွေ့ရသည်က ယောက်ျားလေးဖြစ်ပြီး ရှက်တက်ကြောက်တက်ခြင်းက လိုသလို လှည့်ပတ်လို့ရနိုင်ခြင်းပင်။ ဒီကောင်လေးက ရှော့ခ်မရှိပေမဲ့ တူတော်မောင် မင်းထင်က တကယ့်ပြဿနာကောင်ဖြစ်သည်။

သူမနှင့်ပတ်သက်လာလျှင် အလွန်တိုတတ်ပြီး ကျောင်းပိတ်ရက် ပြန်လာတိုင်း ပြဿနာရှာတတ်သူဖြစ်သည်။ ဘယ်နေရာသွားသွား သူ့သူငယ်ချင်းလို တကောက်ကောက်လျှောက်ခေါ်သွားတတ်သလို စနောက်ဖို့နေနေသာသာ သူမကို ကြည့်လျှင်တောင် ဘာကြည့်တာလဲ ယီးကြည့်တာလားဆိုပြီး ရန်စကာ ဆွဲထိုးတတ်တာတွေကြောင့် ဒီကောင်လေးလဲ သူ့ရန်က လွတ်ပါ့မလား စိတ်တော့ တော်တော်ပူနေရပြီဖြစ်သည်။

အမေ့ကို မပြောချင်လို့သာ တစ်ညနေလုံး အိမ်ပေါ်တက်စိတ်ကောက်ပြခြင်းလောက်သာ လုပ်ထားသော မင်းထင်တစ်ယောက် မပြန်သေးပဲ ခြံထဲသူမနှင့်စကားပြောနေတာသာသိလျှင် မီးခဲဖင်ခုထိုင်နေတော့မှာ သွားမကြည့်လဲ ရောက်ချလာပြီမို့ ဘုရားတရင်း တစ်ခုခုမလုပ်နိုင်အောင် အမြန်ပူးထိုင်ပြီး လက်ချင်းချိတ်ထားလိုက်ရတော့သည်။

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now