part-19

1.1K 33 2
                                    

အခန်း ၁၉

မောင်ထွက်သွားပြီးတဲ့နောက်ပိုင်း မောင့်အရိပ်ယောင်ကိုတောင် ကျွန်မ မမြင်ရခဲ့တော့ပေ။ မောင်ဘယ်လောက်တောင် ရှက်သွားခဲ့လို့ ချစ်သူဖြစ်တဲ့ ကျွန်မကိုတောင် အဆက်အသွယ် မလုပ်ရတာလဲ ကျွန်မ မသိတော့ပါ။

အကြိမ်ကြိမ် ဖုန်းတွေခေါ်ပေမဲ့ မောင်ဖုန်း မကိုင်သလို စာတွေပို့လဲ ပြန်စာတွေ မလာတက်တော့ပေ။

ကျွန်မလိုပဲ အသဲကွဲသူ နောက်တစ်ယောက် ရှိနေပါသေးတယ်။ မောင့်ကို မတွေ့ရတော့တဲ့နေ့ကစပြီး ဂျောင်းဆွန်ကိုလဲ အစရှာလို့ မရတော့ပေ။

ဗစ်တာတို့နှင့် အဆက်အသွယ် ရှိနေတာကြောင့် ဂျောင်းဆွန်အကြောင်း မေးကြည့်တဲ့အခါ အလုပ်ကိစ္စကြောင့် ခရီးထွက်နေသည်ကို သိလိုက်ရတော့သည်။

ဘယ်လောက်အလုပ်များများပါ အချိန်ပေးမယ်ဆို စာတစ်စောင် ဖုန်းတစ်ချက်တော့ ကိုယ့်ချစ်ရသူကို ဆက်သွယ်ဖို့ သင့်လေသည်ပဲလေ။မောင့်လို ပြသနာတွေ ဖြစ်သွားခဲ့လို့ ရှက်စိတ်ဝင်ပြီး မဆက်သွယ်ခြင်းက နားလည်ပေးချင် ပေးလို့ရပေမည်။

သူ့လို ဘာပြဿနာမှ တက်ထားခြင်းမရှိပဲ သူချစ်လွန်းလှပါတယ်ဆိုတဲ့ မိန်းကလေးကို ၁မိနစ်လေးတောင် အချိန်မပေးတာကိုကျတော့ နားလည်ပေးဖို့ ခက်ခဲလှပေသည်။

တူမလေးမှာ တစ်လတိတိ မျှော်နေခဲ့သော်လည်း ပေါ်မလာသည်ကြောင့် ဆုံးဖြတ်ချက်တွေချပြီး အရွယ်နှင့်မလိုက်အောင် ပြတ်သားလိုက်သည်ကိုတော့ ချီးကျူး၍ မဆုံးနိုင်ပေ။

ပြောမည့်သာ ပြောရသည် မိုးဟေသီဘက်က ချစ်သလား မချစ်လားကို သူ့ကိုယ်သူ သဲကွဲသည့် ပုံလဲ မပေါ်သေးပေ။ အချိန်မလွန်ခင် နောက်ပြန်လှည့်နိုင်တာက အဆိုးထဲက အကောင်းမို့ ဘာဖြစ်ခဲ့ဖြစ်ခဲ့ မိသားစုက နွေးနွေးထွေးထွေး လက်ခံပေးကြကာ သူမဆုံးဖြတ်မှု့ကို လေးစားပေးခဲ့ကြလေသည်။

"ညီမလေး ဖေဖေတို့နဲ့ အဆင်ပြေအောင်နေနော်

ဖေဖေတို့ မေမေတို့က သူများနိုင်ငံမှာ ကြိုးစားနေရတာ

ညီမလေးကို အချိန်အများကြီး ပေးနိုင်မှာ မဟုတ်ဘူး

ညီမလေး တစ်ယောက်တည်းဖြစ်နေလို့ ကြောက်နေရင်

နံရိုးရဲ့ပိုင်ရှင်လေးWhere stories live. Discover now