Unicode
စောယွန်းပြန်သွားတဲ့နေ့က စလို့ ထယ်ယောင်းရဲ့ နေ့ရက်တိုင်းဟာ ရက်ရာဇာတွေပင်....
"ကိုကိုရေ..."
"ဗျ..."
"ကျွန်တော်လေ ဘွားဘွားစီ အလည်သွားချင်တယ်.."
"ကလေး အဘွားစီ အလည်သွားချင်ရင် ကိုကို အလုပ်အားတဲ့နေ့ လိုက်ပို့ပေးမယ်လေ..."
"ဟွန်း ....ကိုကိုကလည်း ကိုကို့အလုပ်က အားမှမအားတာ...ကိုကို အလုပ်အားတဲ့ အချိန်ထိ မစောင့်နိုင်ဘူး ကျွန်တော်က အခုပဲသွားချင်တာ..."
"ကလေးကလည်းကွာ အခုမသွားပါနဲ့ဦး ....နောက်ကျမှ ကိုကို လိုက်ပို့ပေးပါ့မယ်..."
"ဟင့်အင်း မရဘူး ကျွန်တော်က အခုပဲ သွားချင်တာ...ကိုကိုအလုပ်မအားရင် လိုက်မပို့ပေးနဲ့ ကျွန်တော့်ဘာကျွန်တော်သွားမယ်..."
ဂျောင်ဂုမှာ ခေါင်းကုတ်တော့သည်။ ထယ်ယောင်းကိုသူမပါပဲလည်း မသွားခိုင်းချင်၊ အလုပ်ကလည်း မအား၍ လိုက်မပို့နိုင်သောကြောင့် အကြပ်ရိုက်တော့သည်။
"နော်...ကိုကိုနော် ကျွန်တော် ဘွားဘွားစီ သွားလည်မယ်နော်..."
"ကလေးကလည်းကွာ ကိုကိုမပါပဲ မသွားပါနဲ့ ကိုကိုနဲ့မှ သွားပါ..."
ဂျောင်ဂုစကားကြားတော့ ထယ်ယောင်းနှုတ်ခမ်းဆူလာတော့သည်။ အရင်ထဲက သူ့အဘွားစီ သွားလည်ချင်ပင်မဲ့ စောယွန်းရောက်နေ၍ သူ့မှာ ဂျောင်ဂုကို စိတ်မချဖြစ်ကာသူ့အဘွားစီ မသွားဖြစ် အခုစောယွန်းလည်း မရှိတော့၍ သူ့အဘွားစီ သွားလည်ချင်တာဖြစ်သည်။
"မရဘူး ကိုကိုရာ အခုမှ မသွားရရင် ကျွန်တော် ကိုကို ကို မခေါ်တော့ဘူး..."
ထယ်ယောင်းပြောတော့ ဂျောင်ဂုလည်း လက်လျော့ရတော့သည်။ သူ့ကလေးစိတ်ကောက်တာမခံချင်၍ ကလေးရဲ့ ဆန္ဒကို လိုက်လျောဖို့ပဲ ဆုံးဖြတ်လိုက်ရသည်။
"ကယ် ဒါဆိုလည်း ကိုကို လိုက်ပို့ပေးမယ်...ကလေးက အဘွားအိမ်မှာ ဘယ်နှစ်ရက်နေမှာလဲ..."
"ကျွန်တော်မသိသေးဘူး...ဘွားဘွားနဲ့က ကျွန်တော်မင်္ဂလာဆောင်ပြီးထဲက မတွေ့ရသေးတာဆိုတော့ ဘွားဘွားနဲ့ပျော်သလောက်နေမှာ..."

YOU ARE READING
𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆
Fanfiction!ကလေးတော်တော်ဆိုးတာပဲကွာ ကိုယ့်အပေါ်အရမ်းအနိုင်ယူတာပဲ.... ကလေးအနိုင်ယူချင်လည်းယူပါကလေးရယ် ကလေးမို့ ကိုယ်အလျော့ပေးပါ့မယ်....!