Part_15

776 38 11
                                    

Unicode

"ကိုကို..."

"ဗျာ..."

"ကျွန်တော် ဒီနေ့ အပြင်သွားချင်တယ်...."

"ဒီနေ့ ကိုကိုအလုပ်မအားသေးဘူးလေ ကလေးရယ်..."

"ကိုကို အလုပ်မအားလည်း ကျွန်တော့်ဘာကျွန်တော် သွားမယ်လေ....အိမ်ထဲမှာပဲနေရတာပျင်းတယ်..အပြင်လေးဘာလေး တစ်ခါတစ်လေတော့ လျှောက်သွားချင်တယ်..."

"ဒါဆိုလည်း ကလေးသဘောပါ...ဒါပင်မဲ့ အဝေးကြီးတွေတော့လျှောက်မသွားနဲ့နော် ကိုကိုစိတ်မချဘူး...ဖုန်းဆက်ရင်လည်းကိုင်..."

"ဟုတ်ကဲ့ ကိုကို..."

ထယ်ယောင်း ဂျောင်ဂုစီက ခွင့်ပြုချက်ရသွား၍ ပျော်နေတော့သည်။

ဂျောင်ဂု ကုမ္ပဏီ သွားတာနှင့် ထယ်ယောင်းလည်း အပြင်ထွက်တော့သည်။ သူလည်ချင်တဲ့ နေရာတွေ ဆုံအောင် လျှောက်သွားပြီး မောလာ၍ ဆိုင်တစ်ဆိုင်ကို ဝင်ကာ အအေးမှာသောက်လိုက်သည်။

ဆိုင်လေးက အေးအေးချမ်းချမ်းဆိုင်လေးမို့ ထယ်ယောင်းလည်း အအေးလေးသောက်ကာ သာယာနေတော့သည်။

"နင် ထယ်ယောင်းမှတ်လား..."

အအေးသောက်နေရင်း သူ့ကို ခေါ်သံကြား၍ ထယ်ယောင်းလည်းမော့ကြည့်လိုက်သည်။

"ဟင်....ဂျီဆူးပါလား..."

"နင် ငါ့ကို မှတ်မိသားပဲ..."

"မမှတ်မိပဲ နေမလား...နင့်ရုပ်ကို ခွေးချီသွားတောင်မှတ်မိတယ်..."

ထယ်ယောင်းက ခနဲ့တဲ့တဲ့ ပြောလိုက်၍ ဂျီဆူး ဒေါသထွက်တော့သည်။

"နင်....နင်...အဟင်း...ဒါနဲ့ နင် အခု ဘာအလုပ်လုပ်နေတာလဲ...အလုပ်ရောအစဉ်ပြေရဲ့...အင်း...နင်က အထက်တန်းလည်း မအောင်ခဲ့တော့ အလုပ်ကောင်းကောင်းရမှာမဟုတ်ပါဘူး...အချိန်အပိုင်းအလုပ်ပဲ ဟိုပြေးဒီလွှားနဲ့ လုပ်နေရမှာ..."

ဂျီဆူးပြောတော့ ထယ်ယောင်း အော်ကာ ရယ်တော့သည်

"ဟား...ဟား...ဟား....ဘာ...ငါက အထက်တန်းမအောင်လို့ အချိန်ပိုင်းအလုပ်လုပ်ပြီး ဟိုပြေးဒီလွှား လုပ်နေရမှာဟုတ်လား....ရယ်ရလိုက်တာ...ဒါဆို နင်ကရော ဘာအလုပ်လုက်နေရတာလဲ..."

You've reached the end of published parts.

⏰ Last updated: Jul 26 ⏰

Add this story to your Library to get notified about new parts!

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Where stories live. Discover now