Unicode
စောယွန်း ထယ်ယောင်းကို အနိုင်ယူဖို့ အကြံထုတ်နေမိသည်။ ထယ်ယောင်းကလည်းဂျောင်ဂုကို အလစ်မပေး၍ သူ့မှာ အခက်တွေ့နေရသည်။
!ဟူး...အဲ့ဟာလေးကို အနိုင်ယူဖို့ ငါ ဘယ်လိုလုပ်မလည်း စဥ်းစားစမ်း စဥ်းစားစမ်း...!
စောယွန်းမနက်စောစော ထကာ မီးဖိုချောင်ထဲ ဝင်လာလိုက်သည်။ စားပွဲပေါ် အသင့်ပြင်ထားတဲ့ မနက်စာ အစားအစာတွေမြင်တော့ ပြုံးလိုက်မိသည်။ ဟိုကြည့်ဒီကြည့်နဲ့လုပ်ပြီး ထယ်ယောင်းသောက်မဲ့ နွားနို့ခွက်ထဲ ဝမ်းနှုတ်ဆေး တစ်ထုတ်လုံးကို ထည့်ချလိုက်ပြီး ဟန်မပျက် ပြန်ထွက်လာလိုက်သည်။
"ကလေး ထတော့လေ ကိုကို အလုပ်သွားရတော့မယ်..."
"ဟင်း...ကိုကိုကလည်း ကျွန်တော် အိပ်ချင်သေးတယ်..."
"ပြီးမှ ထပ်အိပ်ပါ ကလေးရယ် ကိုကိုနဲ့တူတူ မနက်စာ စားကြရအောင်..."
ထယ်ယောင်းတစ်ယောက် မထချင် ထချင်နဲ့ ထကာ မနက်စာစားဖို့ ဂျောင်ဂုနဲ့တူတူလိုက်သွားတော့သည်။
မနက်စာ စားဝိုင်းရောက်တော့ စောယွန်းက အရင်ရောက်လို့နေသည်။
"ဂျောင်ဂု အလုပ်သွားတော့မှာလား..."
"အေး...စောယွန်း.."
ထယ်ယောင်းကတော့ စောယွန်းကိုမကြည့် မနက်စာစားမဲ့ ထိုင်ခုံမှာဝင်ထိုင်လိုက်ကာ သူ့နွားနို့ခွက်လေးကိုယူကာ သောက်လိုက်သည်။
ထယ်ယောင်းနွားနို့ သောက်လိုက်တာမြင်တော့ စောယွန်း နှုတ်ခမ်းတွေကွေးညွန့် သွားသည်။
"ဂျောင်ဂု ငါ ယွန်းဂီစီ ခဏသွားဦးမယ်သိလား ဒီနေ့ အိမ်ပြန်နောက်ကြမယ်..."
"အော်...အေးပါ..."
ထယ်ယောင်းမှာတော့ စောယွန်း ယွန်းဂီစီသွားမယ်ဆို၍ ပြုံးပျော်သွားသည်။
!အမလေး ဝမ်းသာလိုက်တာ ပြန်မလာလေ အေးလေပဲ..!
စောယွန်း မနက်စာ စားပြီး အားလုံးထက်အရင် ထသွားသည်။
"ကလေး ကိုကိုလည်း မနက်စာ စားပြီးပြီ အလုပ်သွားတော့မယ်နော်..."
YOU ARE READING
𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆
Fanfiction!ကလေးတော်တော်ဆိုးတာပဲကွာ ကိုယ့်အပေါ်အရမ်းအနိုင်ယူတာပဲ.... ကလေးအနိုင်ယူချင်လည်းယူပါကလေးရယ် ကလေးမို့ ကိုယ်အလျော့ပေးပါ့မယ်....!