Unicode
ဂျောင်ဂု အိမ်ပြန်ရောက်တာနှင့် ထယ်ယောင်းကို မေးတော့သည်။
"ကလေး ...ကလေး ဟိုနှစ်ယောက်ကို ဘာလို့အလုပ်မထုတ်တာလည်း..."
"အော်..ကိုကိုရယ်...သူတို့ က မိဘကို ရှာကျွေးနေရတာလေ...ကျွန်တော်အလုပ်ထုတ်လိုက်ရင် နောက်အလုပ်ရှာဖို့ ခဲရင်းနေမှာပေါ့..."
ထယ်ယောင်းစကားကြားတော့ ဂျောင်ဂုသဘောကျသွားတော့သည်။ သူ့ကလေးက ဒေါသကြီးပင်မဲ့ စိတ်သဘောထားကောင်းတဲ့လူလေးမို့ ဂျောင်ဂုမှာ ပို၍ အချစ်ပိုရသည်။
"ကလေးက အရမ်းကို စိတ်သဘောထား နူးညံ့လွန်းတယ်...ကိုကိုကတော့ ကလေးကို ရတာ အရမ်းကံကောင်းတာပဲ..."
"ကျွန်တော်ကမှ ကိုကို ကို ရတာ ကံကောင်းတာပါနော်...ကျွန်တော် အခုလို အပေါင်းအသင်းတွေကြားထဲ လက်မထောင်နိုင်တာ ကိုကိုကြောင့်လေ...အရင်ကဆို ကျွန်တော့်ကို ပိုက်ဆံမရှိတဲ့လူဆိုပြီး အရမ်းအနိုင်ကျင့်ကြတာ....အခု ကိုကိုနဲ့ရမှ ကျွန်တော့်ဘဝက ရွှေဘုံပေါ်မှာ စံရတာ..."
"ဟုတ်ပါပြီဗျာ....ရှေ့လျှောက်လည်း ကိုကို့ ကလေးလေး အမြဲလက်မထောင်နိုင်အောင် ကိုကိုက ကြိုးစားမှာပါ..."
"အဲ့ဒါကြောင့် ကျွန်တော် ကိုကို့ ကို ချစ်တာ..."
ထယ်ယောင်းက ပြောပြောဆိုဆိုနှင့် ဂျောင်ဂု ရင်ခွင်ထဲကို ဝင်ကာ ကပ်ချွဲနေတော့သည်။
####
ဒီနေ့ ဂျောင်ဂုက မနက်ပိုင်း အစည်းအဝေးရှိတယ် ဆိုပြီး ကုမ္ပဏီကို အစောကြီးထွက်သွား၍ ထယ်ယောင်းမှာ ပြင်းပြီးကျန်နေခဲ့သည်။
ထယ်ယောင်းလည်း ပြင်းပြင်းရှိတာနှင့် ခြံထဲဟိုလျှောက်ဒီလျှောက်လုပ်ကာ လေညှင်းခံနေတော့သည်။
သူ လေညှင်းခံနေရင်း ခြံရှေ့ဘဲလ်တီးသံကြားတော့ ထယ်ယောင်းလည်းအပြေးလေးသွားကာ ဖွင့်ပေးလိုက်သည်။သူတံခါးဖွင့်လိုက်တော့ ခြံရှေ့မှာ သူနဲ့အသက်တူတူလောက်ရှိမဲ့ ကောင်လေးတစ်ယောက်က ရပ်နေတာဖြစ်သည်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲ.."
"ဟို....ငါက မင်းတို့ဘေးခြံကို ဟိုတစ်ပတ်ကမှပြောင်းလာတဲ့ အိမ်နီးချင်းအသစ်ပါ...အခုက ဒီလမ်းထဲကလူတွေနဲ့ ခင်မင်မှု့ရအောင် မုန့်လိုက်ဝေနေတာပါ...."
YOU ARE READING
𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆
Fanfiction!ကလေးတော်တော်ဆိုးတာပဲကွာ ကိုယ့်အပေါ်အရမ်းအနိုင်ယူတာပဲ.... ကလေးအနိုင်ယူချင်လည်းယူပါကလေးရယ် ကလေးမို့ ကိုယ်အလျော့ပေးပါ့မယ်....!
