Part_17

1.3K 67 12
                                        

Unicode

"ကိုကိုပြန်လာပြီ..."

ထယ်ယောင်းမှာ ဂျောင်ဂု ပြန်လာတာမြင်တော့ အပြေးလေးသွားကြိုတော့သည်။

"ကလေး..ဘာလို့ပြေးလာတာလဲ...ချော်လဲနေမှဖြင့်..."

"ချော်မလဲပါဘူး ကိုကိုရယ်..."

"ကလေးကို ကိုကိုပြောစရာရှိတယ်..."

"ပြောလေ ကိုကို..."

"အခန်းထဲရောက်မှ ပြောမယ်..."

ဂျောင်ဂုက ထိုသို့ပြောကာ ထယ်ယောင်းကို အခန်းထဲ ဆွဲခေါ်သွားတော့သည်။

အခန်းရောက်ခါမှ စိတ်ဆိုးတယ်လဲမဟုတ် မဆိုးဘူးလဲ မဟုတ် လေချိုလေးနဲ့ပဲ မေးလိုက်သည်။

"ကလေး မနက်က ဘေးအိမ်က ကောင်လေးနဲ့ ဂိမ်းထိုင်ဆော့ တာ ထမင်းစားနောက်ကျတယ်ဆို...ဟုတ်လား ကလေး..."

"ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ..."

"ကိုကို က ကလေးကို ထမင်းစောစော စားခိုင်းထားတာလေ ကလေးရဲ့..."

"ကိုကိုကလည်း ကျွန်တော်စာ တဲ့ အချိန်မှ စားမှာပေါ့...မစာပဲ ဘယ်လိုလုပ်စားမလဲ..."

"ကလေးမစာ ဘူးဆိုတာ အဆော့မတ်နေလို့လေ...အရင်က ကလေး ၁၂နာရီဆိုတာနဲ့ ထမင်းစားနေကြပဲကို...အခု ဘေးအိမ်က ကောင်လေးရောက်လာမှ အကျင့်ပျက်နေတာ...."

ဂျောင်ဂုပြောတော့ ထယ်ယောင်းက ဆူပုတ်ပုတ်လုပ်ကာ ပြန်ပြောတော့သည်။

"ကိုကိုနော်...သူများကို ပုတ်ခက်ပြီးမပြောနဲ့ ကျွန်တော် မကြိုက်ဘူး...."

"ကိုကို က ဘာများပုတ်ခက်ပြီးပြောလို့လဲ ကလေးရယ်...မှန်တာပဲပြောတာပါ..."

"တော်ပြီ တော်ပြီ...ကိုကိုနဲ့ စကားဆက်မပြောချင်ဘူး...ပြောလည်းရန်ဖြစ်ရတော့မှာ..."

ထယ်ယောင်းက ထိုသို့ပြောပြီး ဆောင့်ဆောင့်အောင့်အောင့်နှင့် အခန်းထဲက ထွက်သွားတော့သည်။

ဂျောင်ဂုမှာလည်း ထယ်ယောင်းလုပ်သွားတဲ့ပုံကြောင့် ခေါင်းတခါခါနှင့် ကျန်ခဲ့တော့သည်။

#########

နောက်နေ့ရောက်တော့လည်း ဂျောင်ဂု အလုပ်သွားတာနဲ့ ဂျီမင်းက ထယ်ယောင်းစီ ရောက်လာပြန်သည်။

𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆Where stories live. Discover now