Unicode
နောက်နေ့မနက်ရောက်တော့ ဂျောင်ဂုမှာ ကုမ္ပဏီသွားဖို့ပြင်ဆင်တော့သည်။
"ကလေးရေ ကိုယ့်ကို နက်ခ်တိုင်လေး လာချည်ပေးပါဦး..."
ထယ်ယောင်းတစ်ယောက် မုန့်စားနေရာက။
"ခင်ဗျားလက်ပါတာပဲ ကိုယ့်ဘာကိုယ် လုပ်ပေါ့..."
မနေ့က ကိစ္စကိုအစာမကြေသေးတဲ့ထယ်ယောင်းအတွက် ဂျောင်ဂုကိုစကားကောင်းမပြောနိုင်ပါ။
"ကလေးရယ် ကိုယ်က ကလေးလုပ်ပေးတာ ခံချင်လို့ပါ..."
"အပိုစကားတွေက ပြောနေပြန်ပြီ ကျွန်တော်နဲ့ မညားခင်ကလည်း ကိုယ့်ဘာကိုယ်လုပ်နေကြပဲဟာ အခုလည်းကိုယ့်ဘာကိုယ်လုပ်ပေါ့..."
"အခုက အရင်နဲ့မတူတော့ဘူးလေ ကလေးရှိနေပြီပဲ ကလေးလုပ်ပေးပေါ့..."
ထယ်ယောင်းတစ်ယောက် စောင့်အောင့်ကာမုန့်စားနေရာက ဂျောင်ဂုနားထသွားသည်။
"ပေးပေး အရစ်ကိုရှည်လွန်းတယ် ကိုယ့်ဘာကိုယ် လုပ်လည်းရနေတာကို သူများကိုခိုင်းချင်သေးတယ်...."
ထယ်ယောင်းပွစိပွစီလုပ်ကာ ဂျောင်ဂုကို နက်စ်တိုင်ကြိုးချည်ပေးလိုက်သည်။
ဂျောင်ဂုမှာတော့ ပွစိပွစိလုပ်ပြီးသူ့ကို နက်ခ်တိုင်ချည်ပေးနေတဲ့ထယ်ယောင်းကိုကြည့်ကာ ပြုံးနေမိသည်။
"ပြီးပြီ.."
ထယ်ယောင်းချည်ပေးတဲ့ နက်ခ်တိုင်ကို မှန်ထဲ ပြန်ကြည့်ပြီး ဂျောင်ဂုမှာ ကြိတ် ပြီးရယ်မိသည်။အသံလည်းထွက်မရယ်ရဲ။
!ဘာပဲဖြစ်ဖြစ် ချစ်ရသူ လုပ်ပေးလိုက်တာဆိုတော့လည်း လှလှ မလှလှ ဒီတိုင်းလေးပဲ ထားရတော့မှာပေါ့....!
"ကလေး ကိုယ်သွားတော့မယ်... "
"ကြွ ကြွ မြန်မြန်ကြွ...."
"ကိုယ့်ကို အောက်ထိလိုက်မပို့တော့ဘူးလား..."
"မပို့ပါဘူး ခြေထောက်ညောင်းတယ် ကိုယ့်ဘာကိုယ်သွား...."
"ဟုတ်ပါပြီဗျာ မပို့ချင်လည်း မပို့ပါနဲ့ ဒါဆို ကိုယ်သွားပြီနော်ကလေး..."

YOU ARE READING
𝗠𝘆 𝗟𝗶𝘁𝘁𝗹𝗲 𝗕𝗮𝗯𝗯𝘆
أدب الهواة!ကလေးတော်တော်ဆိုးတာပဲကွာ ကိုယ့်အပေါ်အရမ်းအနိုင်ယူတာပဲ.... ကလေးအနိုင်ယူချင်လည်းယူပါကလေးရယ် ကလေးမို့ ကိုယ်အလျော့ပေးပါ့မယ်....!