Part 1

255 13 5
                                    

UN

        လက်နက်ကြိယာများစုံလင်စွာ စီရီထားသည့်လေ့ကျင့်ရေးကွင်းကြီးအတွင်းမှ လေကဲ့လို့ပေါ့ပါးလျင်မြန်ကာ နွယ်ပင်အလားပျော့ပြောင်းသော ကိုယ်ဟန်နှင့် ၁၃နှစ်ကလေးတစ်ယောက်၏ သိုင်းကွက်များသည် ရှုမငြီးနိုင်စရာပင်။ ထိုလူငယ်သည် ပင်ပန်းသည်ဆိုသောအရာကို မသိသကဲ့သို့ပင်။ ရောင်နီသန်းချိန်မှစ မွန်းတည့်လာသည်ထိ မရပ်မနား လေ့ကျင့်နေခဲ့သည်။ အတိအကျဆိုရလျင် လန်သခင်လေး မရောက်မီအထိ ဖြစ်သည်။

"ချီကောကော!......

ကျွန်တော် ကောကောအတွက် မုန့်တွေယူခဲ့တယ်!....

       သူ့ကိုယ်လောက်ရှိသော ဘူးအကြီးကြီးကိုဘယ်၍ မိမိထံပြေးလာသော ရှကျစ်ကွမ်းကြောင့် လေ့ကျင့်ရေးရပ်တန့်ကာ တစ်ချက်ပြုံးလိုက်သည်။

"ဖြည်းဖြည်းလာ ရှကွမ်းကွမ်းရဲ့...

"ကျွန်တော်စောစောလာသင့်တာ

အခုတော့ မွန်းတည့်နေပြီ

ကိုကိုဘာမှလည်းမစားရသေးဘူးမို့လား"

"ကိုကို့အတွက်ဒီအချိန်ကနောက်မကျပါဘူး

ကြည့်ဦး.....

ကွမ်းကွမ်းယူလာတာ အမြဲတန်းအများကြီးပဲ"

"ကိုကိုကြိုက်တာတွေအကုန်ယူခဲ့တာလေ

အသီးခြောက်တွေပါဝယ်ခဲ့တယ်

နောက်နေ့တွေလည်း ကိုကိုစားရအောင်လို့"

        ဤစကားတတ်ကလေး၏ ချစ်စရာမျက်နှာပေးနှင့် အသဲယားစရာလေသံတို့ကြောင့် ချီပိုင်ထျန်မှာအပြုံးချိုချိုးလေးပေါ်လာပြီး သူ၏ခေါင်းကိုအသာလေးပုတ်လိုက်မိတော့သည်။

"ကိုကိုကောင်းကောင်းစားပါ့မယ်"

"ကိုကိုချွေတာထားလို့မရဘူးနော်

ကျွန်တော်ကခဏခဏယူလာခဲ့မှာ"

"အလုပ်တွေများအောင်လို့ ဒီကလေး....

"မများပါဘူး

ကိုကိုကျွန်တော့်ကို သိုင်းကူပြီးလေ့ကျင့်ပေးရင်ရပြီ"

"ကောင်းပါပြီ

လေ့ကျင့်နေချိန်ဆို လေ့ကျင့်ရေးကိုပဲ အာရုံစိုက်ထားရမယ်နော်...

နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာ နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာWhere stories live. Discover now