Part 2 ကိုယ့်အိပ်ထဲပဲဖိတ် ကိုယ့္အိပ္ထဲပဲဖိတ္

98 9 4
                                    

UN

ဖခင်နှင့်အတူ ဆေးဆောင်မှ ဆေးဝါးများစစ်ဆေးပြီး နှုတ်ဆက်ထွက်သွားသည့် ချီပိုင်ထျန် ကို ရှလင်သောင်း သေချာကြည့်နေမိသည်။

"မေယွီ

ဒီကလေးက အရွယ်နဲ့မလိုက် နှလုံးရည်ပြည့်စုံပုံက တကယ့်ကို ရှားပါးတာ....

"ဟုတ်တယ်လေ

အဲဒါကြောင့်နဲ့ ဟုန်သခင်မလေး၂နဲ့သာဆို ပြောစရာမလိုအောင်လိုက်ဖက်နေမှာ လို့ ကျွန်မ မပြောခဲ့ဘူးလား"

"ဟုတ်ပါပေ့ဗျာ

မီးထွန်းပွဲတော် မတိုင်ခင်လေး ဒီကိစ္စကို ဆွေးနွေးကြရင်ကောင်းမယ်"

"အစ်ကို့သဘောပါပဲ

ရှအိမ်တော်မှာ ကလေးတွေကိုက အချင်းချင်း သံယောဇဉ်ရှိကြတော့ အများကြီးပြောစရာလိုမယ်မထင်ဘူး"

တိုင်အကွယ်ကနေ မျက်နှာစူပုတ်ကာ လှည့်ထွက်သွားသော ကောင်လေးတစ်ယောက်ကိုတော့ သူတို့သတိထားမိ ပါ့မလား။

ယနေ့လေထုသည် အေးစက်စိမ်းသက်နေသည်ဟု ချီပိုင်ထျန်ထင်မိသည်။ ရှကျစ်ကွမ်းမှာ ရောက်လာသည်တည်းက မှိုင်တွေတွေကြီးထိုင်ကာ သူ့ကိုပင်အဖတ်လုပ်၏ စကားမပြောပေ။ ပိုင်သခင်လေး၏ ဂရုနာကြီးမှုသည် ဤကောင်လေး စိတ်မချမ်းမြေ့သည်ကို အဘယ်မျှထိုင်ကြည့်နေနိုင်အံ့။ ချီပိုင်ထျန်သည် ရှကျစ်ကွမ်းမျက်နှာလေးအား ဖွဖွလေးကိုင်ကာ မော်စေလိုက်သည်။

"လန်သခင်လေးမျက်နှာက ဘာတွေမလိုမကျလို့ ခုလိုမရွှင်မလန်းဖြစ်နေရတာလဲ

ပြောပါဦး"

ရှကျစ်ကွမ်းသည် ချီပိုင်ထျန်လက်ထဲမှ ထွက်ကာ သူ၏မျက်နှာကို ချီပိုင်ထျန်နှင့်အနီးဆုံးအနေအထား ဖြစ်သည်ထိတိုးကပ်လိုက်သည်။

"ချီကောကော

တကယ်လို့ အကြီးအကဲတွေက ချီကောကောကို အခုချိန် မိန်းကလေးတစ်ယောက်နဲ့ ဆေ့စပ်ကြောင်းလှမ်းကြောင်းပြောလာရင် လက်ခံမှာလား"

ရှကျစ်ကွမ်းစကားကြောင့် ချီပိုင်ထျန်မှာ ကြောင် အ သွားသည် အမှန်ဖြစ်၏။

နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာ နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာWhere stories live. Discover now