Part 11 အဲဓားကိုမထိနဲ့ အဲဓားကိုမထိနဲ႕

97 13 5
                                    

UN

        ပြန့်လွင့်နေသောစိတ်အာရုံတို့ကိုစုစီးကာ ပို့ပေးခဲ့သောမနက်စာကိုစားဖို့ပြင်သော်လည်း အတွေးကအခြားသို့ချော်သွားပြန်လေသည်။ တူကိုကိုင်ထားသောလက်များက အဆုံးစွန်ထိတွေးမိခြင်း၏အကျိုးဆက်ကို ခံစားလိုက်ရသောကြောင့် တစ်ဆပ်ဆပ်တုန်နေသည်။ တစ်ပိုင်းတစ်စစီ ပြတ်တောက်လျှက်ဝင်လာသော အတွေးစတို့ကို ပြန်လည်ဆက်စပ်ပြီး စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။

"..........."
သခင်မကြီးရှရှင်းယန်ရဲ့ သွေးကြောမှတ်နဲ့ သွေးခုန်နှုန်း
သူမဖြစ်နေတဲ့ရောဂါ
ဒါတွေက ငါနဲ့ရင်းနီးပြီးသားတွေပဲ
ကြာသွားခဲ့ပေမယ့် ငါကောင်းကောင်းသိတဲ့ ငါ့မှတ်ဉာဏ်ထဲမှာအခုထိစွဲနေသေးတဲ့ အရာတစ်ခုပဲ
ဒီလိုထပ်တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး
စလိုက်ပြီဆိုမှတော့ အဆုံးသတ်ရတာပေါ့

        နူးညံ့လှသောမျက်ဝန်းနှင့် နှုတ်ခမ်းတို့၌ ခက်ထန်သောအကြည့်တစ်ချက်နှင့် ခါးသီးသောအပြုံးတစ်ခုက ခဏတာလေးဖြတ်ပြေးသွားသည်။ မနက်စာကိုကောင်းကောင်းစားခဲ့ပြီး အဆောင်၏မြောက်ဘက်ကို ထွက်လာခဲ့သည်။ ထိုနေရာတွင် မကျယ်ဝန်းလှသော ဥယာဥ်ငယ်တစ်ခုရှိပြီး အလည်တွင် အမိုးပါစားပွဲဝိုင်းတစ်ခုရှိ၏။ အေးစက်သောလေနုနုလေးများကို ဂရုမပြုဘဲ စားပွဲဝိုင်းတွင် ငြိမ်သက်စွာထိုင်ပြီး လူတစ်ဦးအကြောင်းကို တွေးနေခဲ့သည်။ သူ့အကြောင်းကို တွေးမိသည်နှင့် ရင်ထဲနွေးထွေးသွားရလို ဆန့်ကျင်ဘက်အနေဖြင့် နှလုံးသားတစ်ခုလုံး အေးခဲရပြန်သည်။ မတည်နိုင်ခဲ့သောစကားလေးတစ်ခွန်းနှင့် မစောင့်ရှောက်ပေးနိုင်ခဲ့သော ထိုကလေးအတွက် တစ်သက်တာကို နာကျင်စွာ ဖြတ်သန်းခဲ့ရသည်။
         ဟွမ်ကျွင့်ကျယ်က တစ်သက်တာအတွက် ထိုလူကို အခွင့်သင့်တိုင်း တောင်းပန်ရန်ဆုံးဖြတ်ထားပြီး ထိုလူဆီမှ တစ်သက်တာလုံး ခွင့်မလွှတ်ဘဲ မိမိအားမုန်းတီးစေရန်ကိုသာ လိုလားသည်။ သူ့ကိုယ်သူလည်း ခွင်လွှတ်ခြင်းနှင့် မထိုက်တန်သော လူတစ်ယောက်ဟုမှတ်ယူထားပြီး မသေးခင်သွေးကြွေးပြန်ဆပ်ခိုင်းဖို့ကိုသာ အဓိကဟု ခံယူထားခဲ့သည်။ တစ်ဖက်ကလည်း  ချစ်ခဲ့ရပါသောသူ့အတွက် တတ်နိုင်သမျှ ကာကွယ်ပေးနေခဲ့သည်။

နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာ နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာWhere stories live. Discover now