Part 3 သန်းခေါင်ယံလူ သန္းေခါင္ယံလူ

86 9 3
                                    

UN

          ရှအိမ်တော်သုံးခုလုံး ရောင်စုံမီးပုံးများဖြင့် ထိန်ထိန်လင်းလျက်ရှိကြကာ ည၏အစောပိုင်းတွင် လန်အိမ်တော်၌ အားလုံးသောအကြီးအကဲတို့ စုရုံးနေကြသည်။ ကလေးများသည်လည်း အမှုထမ်းများ၏ အစောင့်အရှောက်ဖြင့် မြို့တွင်း ခဏတာမျှ သွားရောက်လည်ပတ်ကြပြီးသော် လန်အိမ်တော်၌သာ လူပြန်စုကြသည်။ တစ်မြို့လုံးလည်း စီကားသိုက်မြိုက်ကာ ဆူညံ့လျက်ရှိနေကြသည်။ တစ်ဖြည်းဖြည်း ညနက်လာပြီဖြစ်ရာ ဟုန်အိမ်မှ နှုတ်ဆက်လျက် အရင်ဆုံးပြန်သွားကြပြီး အတော်သင့်ကြာသော် ပိုင်အိမ်တော်လည်း ပြန်ဖို့ပြင်ကြသည်။

"လေးငယ်"

       ချီပိုင်ထျန်က ရှလင်သောင်းအရှေ့ရပ်ကာ လက်ယှက်လျက်ဦးညွတ်လိုက်သည်။

"ပြန်တော့မလို့လား ရှောင်ပိုင်ထျန်"

"ချီကောကော!!......

        ထိုအခိုက် ရှကျစ်ကွမ်းရောက်လာပြီး ချီပိုင်ထျန်လက်ကို ဆွဲထားလိုက်သည်။

"ကျွန်တော့်ကိုအဖော်လုပ်ပြီးဆော့ပေးမယ်ဆို
ဘာလို့ပြန်မှာလဲ
အကြီးတွေက တကယ်ကတိမတည်ဘူး"

        ချီပိုင်ထျန်က  ရှလင်သောင်းမော်ကြည့်လိုက်ရာ ရှလင်သောင်းကလည်း ပိုင်ထျန်၏ဖခင်ကို ပြန်ကြည့်လိုက်သည်။ နှုတ်ဖြင့်မေးမနေဘဲ ကျန်ခဲ့ရမလားဟု ကြည့်နေပုံပင်။

"ငါ့သားဆန္ဒရှိရင် နေခဲ့ပါ
အဖေတို့အတင်းမခေါ်ပါဘူး"

        ရှကျစ်ကွမ်းက စကားများများပြောမနေဘဲ ချီပိုင်ထျန်အား ဆော့ကစားရန် ဆွဲခေါ်သွားတော့သည်။ ဤညသည် ခဏတာသာ ဆော့ကစားဖြစ်ကြပြီး ရှကျစ်ကွမ်းကစိန်ခေါ်လာ၍ နှစ်ယောက်သား အချိန်အတော်ကြာ လက်ရည်ပြိုင်ဖြစ်ကြသည်။ ရှကျစ်ကွမ်းသည် ချီပိုင်ထျန်၁၀နှစ်အရွယ်က ရောက်ခဲ့သောအဆင့်ထက် ပိုသာနေပါသော်လည်း လက်ရှိချီပိုင်ထျန်လက်ရည်ကိုတော့ မမီသေးပေ။ ချီပိုင်ထျန်သည် အတွေ့အကြုံလည်းပိုရှိကာ ကိုယ်ဖော့ပညာလည်း အတော်ကောင်း၏။
         ချီပိုင်ထျန်သည် ပိုင်အိမ်တော်မှသခင်လေးဖြစ်၍ အဖြူရောင်၊နို့နှစ်ရောင် အဝတ်အစားများသာဝတ်ဆင်လေ့ရှိရာ ဓားရေးလေ့ကျင့်နေချိန် သူ၏ပေါ့ပါးသောကိုယ်လေးမှာ အဖြူရောင်ပန်းပွင့်ချပ်လေးများ လွင့်မျောနေခြင်းနှင့်ပူတူသေး၏။ ယောက်ျားလေးတစ်ဦးအား ပန်းပွင့်နှင့် ခိုင်းနိုင်းရန်မသင့်တော်ပါသော်လည်း ချီပိုင်ထျန်သည် အမှန်ပင် ပန်းပွင့််ကလေးကဲ့သို့ နူးညံ့ကာ လှပပေသည်။
          ချီဟွမ်ကျီ သည် သားဖြစ်သူအား နောက်တစ်ခေါက်အကြိုမလွှတ်တော့သည်ဖြစ်ရာ ချီပိုင်ထျန်သည် လန်အိမ်တော်တွင်သာ တစ်ညအိပ်ပေလိမ့်မည်။ အိမ်ပြန်စရာမလို၍ စိတ်လေးလက်အေး လက်ရည်ပြိုင်သူတို့မှာ အချိန်အတော်ပင်ကြာပြီဖြစ်၏။ ချီပိုင်ထျန်သည် ရှကျစ်ကွမ်းထံမှဝင်လာသော ဓားကို ပန်းပွင့်လေးမျောလွင့်သကဲ့သို့ ဝေ့ဝဲလျက်ရှောင်လိုက်ပြီး ရှကျစ်ကွမ်းရင်ဘတ်ဆီ ခြေအကန်တစ်ချက်ပေးလိုက်သည်။ ရှကျစ်ကွမ်းသည် အနောက်သို့အတော်လေးလွင့်သွားသည်ဟု ချီပိုင်ထျန်ထင်လိုက်မိ၏။ ရှကျစ်ကွမ်းက သူ၏ဓားအား မြေကြီးထောက်လျက် ကိုယ်ဟန်အားထိန်းလိုက်ရင်း လက်တစ်ဖက်က ရင်ဘတ်ကိုထိလိုက်သည်။

နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာ နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာWhere stories live. Discover now