UN
မကြားရသည်မှာ နှစ်ချီနေပြီဖြစ်ပြီး ထပ်မကြားချင်တော့သော နာမ်စားတစ်ခုကြောင့် လွတ်နေသောအသိစိတ်တို့က တစွန်းတစပြန်စုစည်းလာသည်။ မိမိအရှေ့မှလူကို ပခုံးမှကိုင်ကာ ဖိချလိုက်ရင်း စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"အဲဒီနာမ်စားကိုသိပ်မုန်းတယ်
ခေါ်ဖူးတဲ့သူကိုလည်းမုန်းတယ်
ထပ်ကြားရရင် ခင်ဗျားကိုတစ်စစီဖြစ်အောင် လုပ်ပစ်မယ်"ထိုသို့ပြောလိုက်ပြီး၍ တစ်ချိန်တည်းမှာပင် ထိုလူ၏နှုတ်ခမ်းပါးပါးလေးအား နမ်းရှိုက်နေမိသည်။
"ကွမ်းကွမ်း.....
ရယ်သံနှောကာ နူးညံ့စွာခေါ်လာသည့် အသံလေးပြီးသည့်နောက် ရှကျစ်ကွမ်းခေါင်းတစ်ခုလုံးချာချာလည်သွားခဲ့သည်။ မြင်ကွင်းအားလုံးက မြူများဖြင့်ပြည့်နှက်နေပြီး မိမိကိုကျောခိုင်းထွက်သွားသော ပုံရပ်လေးက လှည့်ကြည့်လာသည်။ ထိုပုံရိပ်လက်ထဲတွင် လေး တစ်ခုရှိနေပြီး ပုံရိပ်က ထို လေး ၏အစွန်းတစ်ဖက်ကို နမ်းလိုက်ကာ မိမိမြင်ကွင်းမှပျောက်ကွယ်သွားသည်။ မောဟိုက်နေသောရင်ဘတ်ကို လက်ဖြင့်ဖိထားရင်း မှတ်မိရန်ကြိုးစားမရသော မျက်နှာတစ်ခုကို မရမက ပုံဖော်နေမိသည်။ မိမိလက်ထဲတွင်လည်း ကျိုးပဲ့နေသော လေးတစ်ခုလည်းရှိနေပြီး ပတ်ဝန်းကျင်တွင် ဓားချင်းယှဥ်ခုတ်သံ နှင့် ရေခဲစိမ်များကွဲကြေသံတို့က ပဲ့တင်ထပ်နေသည်။
---ပျက်စီးသွားတဲ့အရာတွေက အမှိုက်နဲ့မခြားနားဘူး
ဘယ်တော့မှ ထပ်ပြီးအသုံးမဝင်တော့ဘူး---
---ဒီဓားကိုထိတဲ့သူတိုင်း လက်ဖြတ်ပြီးအပြစ်ခံယူရမယ်---"ဟင်း!......
အိမ်မက်မက်နေရာမှ မောဟိုက်စွာလန့်နိုးလာပြီး ချွေးများရွဲနေသော ရှကျစ်ကွမ်းသည် မနေ့ညက အိပ်ဆောင်သို့မည်သို့ရောက်လာသည်ကို မမှတ်မိတော့ပေ။ ဟွမ်သမားတော်အပေါ် သူ၏အပြုအမူအတော်များများက ရှုပ်ထွေးနေပြီး အစစ်အမှန်လား ထင်ယောင်ထင်မှားလား မသဲကွဲနိုင်။ သူသည် "ကွမ်းကွမ်း"ဆိုသော နာမ်စားကို ကြားလိုက်ရပြီးချိန်တွင် အသိစိတ်တို့က ရာနှုန်းပြည့်မှောင်အတိကျသွားခဲ့သည်။ အိပ်ယာဘေးမှစားပွဲပေါ်တွင် အခုလေးတင်လာထားသွားပုံရသော စွပ်ပြုပ်တစ်ပွဲက အငွေ့ထောင်းထောင်းထလျှက်ရှိ၏။
YOU ARE READING
နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာ ႏႈတ္ဖ်ားမွ ကတိ ႏွလုံးသားမွသစၥာ
FanfictionUN ဒုတိယအကြိမ်Fanficကလည်း ZhiJunဖြစ်နေတုန်းပါပဲ ပထမဟာလေးမပြီးသေးဘဲ ရေးဖြစ်တဲ့ကြောင်းရင်းက စိတ်မထိန်းနိုင်တော့လို့ပါ နောက်ရက်နည်းနည်းလေးလောက်ကို မစောင့်နိုင်တော့တာမို့လို့..... မျိုးနွယ်စုတစ်ခုတည်းရဲ့ အိမ်တော်သုံးခုကမွေးဖွားပြီး အတူကြီးပျင်းလာတဲ့ကောင...