81 9 2
UN
          ရှကျစ်ကွမ်းသည် ချီပိုင်ထျန်အားမျက်နှာသစ်ရန်ကူပေးပြီးသော် ဘေးနားတွင်ကပ်ထိုင်လျက် ချီပိုင်ထျန်ပါးနှစ်ဖက်အား သေချာလေးကိုင်ကြည့်နေသည်။
"ကိုကို
ကိုကို့မျက်နှာက နည်းနည်းပြောင်းသွားတယ်
ဒါပေမယ် ပါးလေးတွေကတော့ နူးညံ့နေတုန်းပဲ"
"အင်း...
အဆိပ်ကအကြောကို အကျုံ့အချဲ့ဖြစ်စေတယ်
အဆိပ်မဖြေနိုင်ခင် များများပြောင်းလဲနိုင်သေးတယ်"
"နှာခေါင်းပေါ်ကမှည့်လေးကတော့အရောင်မှိန်မသွားပါဘူး ဘာပဲဖြစ်ဖြစ် ကိုကိုကကိုကိုပါပဲ"
       သူသည် ချီပိုင်ထျန်အား နွေးထွေးသော အပေါ်ရုံတစ်ခု ခြုံပေးလိုက်ပြီး ရှမင်ရွှယ်ဆီ ဦးဆောင်ထွက်လာခဲ့တော့သည်။ ယခုဆိုလျင် ရှကျစ်ကွမ်းသည် ချီပိုင်ထျန်အရပ်နှင့် တန်းတူရှိနေပေပြီ။ ရှမင်ရွှယ်သည် ကလေးနှစ်ယောက်ဝင်လာသော် အနားထိလျှောက်လာပြီး ကြိုဆိုသည်။
"အမေ နားနားနေနေပဲနေပါ
ဘာလို့ထလာတာလဲ"
        ချီပိုင်ထျန်သည် သူမအားတွဲလျက် အခန်းလည်မှ စားပွဲဝိုင်းတွင် ထိုင်စေလိုက်သည်။ သူသည်မိခင်နှင့် လူချင်းမတွေ့ရသည်မှာ ၃နှစ်ရှိပြီဖြစ်ရာ အကြာကြီး စကားဖောင်ဖွဲ့နေမိသည်။ ရှကျစ်ကွမ်းသည်တော့ ဘေးနားတွင်ထိုင်လျှက် အခါးရည်နှပ်နေခဲ့သည်။ အတော်ကြာချီပိုင်ထျန် သတိထားမိသည်။ ရှကျစ်ကွမ်းနှပ်ထားသော အခါးရည်သည် အနေတော်ဖြစ်၏။ သူခပ်ရေးရေးလေးပြုံးလိုက်မိ၏။ ဤနှစ်ပိုင်းအတွင်း ထိုကလေးသည် အခါးရည်ပင် ကောင်းကောင်းနှပ်တတ်သွားပြီဖြစ်သည်။
       နေ့လည်စာ စားချိန်တွင်လည်း ရှကျစ်ကွမ်းကသာ နေ့လည်စားများကို ဦးဆောင်သယ်လာပေးသည်။ ရှမင်ရွှယ်၏အဆောင်တွင်သာ သုံးယောက်သား အတူတူနေ့လည်စာ စားဖြစ်ခဲ့သည်။ ရှကျစ်ကွမ်းသည် မိမိခွံ့ကျွေးမည်ကိုသာ အရံသင့်စောင့်နေသော ကလေးငယ်မဟုတ်တော့ပေ။ ဦးစွာရှမင်ရွှယ်အတွက် ဟင်းများကိုထည့်ပေးပြီးနောက် မိမိဆီကိုပါ ဂရုတစိုက်ထည့်ပေးသေးသည်။ ထို့နောက်မှ သူ၏ကိုယ်ပိုင်ထမင်းပန်းကန်ထဲသို့ ဟင်းများယူထည့်လိုက်သည်။ ရှကျစ်ကွမ်းနှင့်ပတ်သက်၍ ထို့အပြုအမူသည် မိမိနှင့်အရင်းနီးသော်လည်း စိတ်ကျေနပ်မှုကိုတော့ပေးစွမ်းနိုင်၏။
နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာ နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာWhere stories live. Discover now