UN
နေထွက်ခါစ မြူခိုးများပြေလာပြီဖြစ်သော တောင်ကမ်းပါးအနီးတွင် အဖြူရောင်အရိပ်လေးတစ်ခုရှိနေသည်။ သူသည် ဟွမ်ကျွင့်ကျယ်ဖြစ်၏။ ဟွမ်ကျွင့်ကျယ်လက်ထဲမှ ငှက်တစ်ကောင်က လေထဲသို့ပြန်လည်ရောက်ရှိသွားချိန် အနောက်ဖက်မှ အရာတစ်ခုက ထိုငှက်ထံသို့ ဦးတည်ထွက်လာသည်။ ဟွမ်ကျွင့်ကျယ်က ချက်ချင်းပင် သစ်ပင်၏ပင်စည်အား ကန်ကျောက်ကာ အရှိန်ယူလျက် ကိုယ်ကို လေပေါ်ရောက်သွားစေခဲ့သည်။ သူက ထိုအရာကို ပြန်လည်ရိုက်ထုတ်လိုက်ပြီး ငှက်ကိုဘေးကင်းစေခဲ့၏။ ရိုက်ထုတ်ခံလိုက်ရသောအရာသည် မြေပြင်ပေါ်ကျသွားပြီးနောက် ဓားအိမ်တစ်ခုမှန်းသေချာသွားသည်။ ဓားအိမ်မှာ အပြာရောင်ချယ်ထားပြီး နဂါးပုံထွင်းထားလေသည်။
"လန်သခင်လေး"
"ခင်ဗျားက တကယ်မရိုးရှင်းတာပဲ
ဟွမ်သမားတော် ""အို!
ကျွန်တော် ဘယ်အနားကများမရိုးပါလဲ လန်သခင်လေး"ဟွမ်ကျွင့်ကျယ်၏ အသံသည် ကြည်လင်ကာ ချိုသာနေပြီး အကြည့်များကလည်း နူးညံ့နေ၏။ ရှကျစ်ကွမ်းက ဓားအိမ်ကိုကောက်ယူကာ လက်ထဲမှဓားအား ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။
"ငါ သခင်လေးက အားနည်းတဲ့သူတွေကို အနိုင်မကျင့်ချင်ဘူး
စောစောငှက်ခြေထောက်မှာချီပေးလိုက်တဲ့ စာက ဘယ်ကိုပို့တာလဲ"ရှကျစ်ကွမ်းက ဓားရိုးဖြင့် ဟွမ်ကျွင့်ကျယ်ကို ချိန်ရွယ်လိုက်သည်။
"ငှက်မှာဘာစာမှ ချီမပေးလိုက်ပါဘူး
သခင်လေးအမြင်မှားတာနေမှာပါ""အမြင်မှားတာ?!....
ဒါနဲ့ ဘာလို့ ငှက်ကိုမထိခိုက်အောင် တားရတာလဲ
ခင်ဗျားက မိစ္ဆာဂိုဏ်းရဲ့သူလျှိုလား
ဟွမ်...ကျွင့်...ကျယ်...""သခင်လေး အထင်မလွဲပါနဲ့
ကျွန်တော်က ဆေးကုသပေးတဲ့သူပါ
ဘယ်သတ္တဝါကိုမှ ထိခိုက်ရှနာ မဖြစ်စေချင်တဲ့ စိတ်ကလေးပဲရှိရုံပါ"ဟွမ်ကျွင့်ကျယ်၏ အသံနှင့်မျက်နှာအနေထားသည် နည်းနည်းမှမပြောင်းလဲ ပေ။ ရှကျစ်ကွမ်းသည် အရှေ့ထို့ ထပ်တိုးလိုက်၏။
YOU ARE READING
နှုတ်ဖျားမှ ကတိ နှလုံးသားမှသစ္စာ ႏႈတ္ဖ်ားမွ ကတိ ႏွလုံးသားမွသစၥာ
FanficUN ဒုတိယအကြိမ်Fanficကလည်း ZhiJunဖြစ်နေတုန်းပါပဲ ပထမဟာလေးမပြီးသေးဘဲ ရေးဖြစ်တဲ့ကြောင်းရင်းက စိတ်မထိန်းနိုင်တော့လို့ပါ နောက်ရက်နည်းနည်းလေးလောက်ကို မစောင့်နိုင်တော့တာမို့လို့..... မျိုးနွယ်စုတစ်ခုတည်းရဲ့ အိမ်တော်သုံးခုကမွေးဖွားပြီး အတူကြီးပျင်းလာတဲ့ကောင...