အတိုချုပ်
သာမန်လူတွေဖြစ်ကြတဲ့ ကျွန်မတို့အနေနဲ့ စစ် ယူနီဖောင်းဝတ်ရတာ၊ စစ်ရေးဇုံထဲသွားလာရ တာ စတဲ့ ကိစ္စမျိုးတွေ မလုပ်ဖူးတာကြောင့် စစ်သားဟောင်းကြီးတွေရဲ့ စစ်ပွဲအတွေ့အကြုံ တွေကို ပြန်ကြားရခြင်းဟာ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ သူတို့ရဲ့စစ်ပွဲတွင်းကြုံတွေ့ခဲ့ ရတဲ့အတွေ့အကြုံဇာတ်လမ်းတွေဟာ ကျမတို့ ကို လူ့ဘဝ၊ ဆုံးရှုံးမှု၊ ရင်းနှီးခင်မင်မှုတွေနဲ့ ပတ်သက်လို့ပိုပြီးလေးလေးနက်နက် တွေးမိစေ ရုံမကဘဲ သူတို့ရဲ့ပွင့်ပွင့်လင်းလင်းရင်ဖွင့် ပြောစကားတွေကိုနားထောင်ပေးခြင်းကြောင့် လည်း သူတို့ရဲ့ရင်ထဲမှာရှိနေတဲ့ ဝန်ထုပ်ဝန်ပိုး တွေ၊ စိတ်ဒဏ်ရာတွေကို အနည်းနဲ့အများတော့ သက်သာစေနိုင်မှာပဲ ဖြစ်ပါတယ်။
ဒါကို ဘယ်သူတွေ ဖတ်သင့်လဲ။
စစ်သားတွေရဲ့ဘဝကို စာနာသူများ
အငြိမ်းစားစစ်သားတွေရဲ့အကြောင်းသိလို သူများ
အငြိမ်းစားစစ်သားများ
သင်ယူရမယ့်အရာ
အမေရိကန် စစ်သားတွေရဲ့ဘ၀အကြောင်း
စစ်သားတွေအငြိမ်းစားယူပြီးနောက် ဆက် လုပ်ကြတဲ့အလုပ်တွေအကြောင်း
စစ်ပွဲအတွင်းကခက်ခဲပင်ပန်းမှုတွေ အကြောင်း
စစ်သားအဖြစ်တာဝန်ထမ်းဆောင်ရတာဟာ တောင်ပိုင်းကလူမည်းတွေအတွက် အကောင်းဆုံး အလုပ်လို့ ဝက်စလေဟန့်ရဲ့မိသားစုက မြင်ခဲ့ကြပါတယ်။ စစ်တပ်ထဲမှာဆိုရင် အသားအရောင်ကွဲပြားခြင်း၊ ဘာသာအယူဝါဒ မတူညီခြင်းတွေထက် စိတ်ဓာတ်မာကြောမှုရှိခြင်းကို ပိုပြီး အဓိကထားဦးစားပေးလို့ပဲ ဖြစ်ပါ တယ်။
ဟန့်ရဲ့အဖေက တပ်ထဲမှာ ဒုဗိုလ်မှူးကြီးဖြစ်ပြီး အထူးအရာရှိလေ့ကျင့်ရေးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူက ဆင်ခြေပေးတာတွေ၊ ညည်းညူတာတွေလုပ်လေ့သိပ်မရှိသလို သူ့ကလေးသုံးယောက် ကိုလည်း “ကိုယ်မှမလုပ်ရင်ဘယ်သူလုပ်မှာလဲ”ဆိုတဲ့ စိတ်မျိုးရရှိအောင် မွေးမြူပေးထားသူတစ်ယောက်ပဲဖြစ် ပါတယ်။ သူ့ရဲ့ကလေးသုံးယောက်လုံးဟာလည်း အရွယ်ရောက်တဲ့အခါ စစ်တပ်ထဲကိုပဲ ဝင်ခဲ့ကြပါတယ်။
YOU ARE READING
Biography & Memoir
Non-FictionBiography & Memoir နဲ့ပတ်သတ်ပြီး အကုန် copy တင်ပေးမှာပါ ။