အတိုချုပ်
မက်ကာဒီ (McCurdy)ကို နှစ်ကယ်လိုဒီရန် (Nickelodeon)ရဲ့ တီဗီအစီအစဉ်တွေကနေ လူ သိများလာကြတာပဲ ဖြစ်တယ်။ သူဟာ ၂၀၁၈ခု နှစ်မှာ သရုပ်ဆောင်ဘဝကနေအနားယူခဲ့ပြီး ဇာတ်ညွှန်းအတိုလေးတွေရေးပြီး ကိုယ်တိုင် ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ကတော့ သူနဲ့သူ့ အမေနှစ်ယောက်ကြားမှာရှိခဲ့တဲ့ ဆက်ဆံရေး အကြောင်းပဲဖြစ်ပြီး သူ့အမေရဲ့ အကြမ်းဖက်နေ မှုကို အကြမ်းဖက်နေမှန်းတောင် သတိမထားမိခဲ့ တဲ့ သူ့ဘဝအကြောင်းကို ရေးထားတာပဲ ဖြစ်ပါ တယ်။
ဒါကို ဘယ်သူတွေ ဖတ်သင့်လဲ။
• မက်ကာဒီရဲ့ ပရိတ်သတ်များ။
• ကလေးဘဝမှာ နှိပ်စက်ခံခဲ့ရသူများ။
• အတိတ်ဖြစ်ရပ်ဆိုး ရှိသူများ။
သင်ယူရမယ့်အရာ
• အလွန်အမင်းချုပ်ချယ်မှုရဲ့ ဆိုးကျိုး။
မက်ကာဒီရဲ့ ဘ၀။
• စိတ်ဒဏ်ရာတွေအပေါ် ပြန်လည်ကုစားပုံ။
ကလေးဘဝကတည်းက မက်ကာဒီတစ်ယောက် ဟောလီးဝုဒ်ကနေ တစ်နာရီခွဲလောက်ပဲ ဝေးတဲ့ ကယ်လီဖိုးနီးယား၊ ဂါဒန်ဂရုဗ်မှာ နေခဲ့တာဖြစ်ပါတယ်။ ဒီမြို့မှာနေကြတဲ့ နယ်ခံတွေကတော့ ဒီမြို့ကိုအမှိုက်သရိုက်မြို့လို့ ခေါ်တတ်ကြတယ်။ သူတို့မိသားစုဟာ အဖေ၊ အမေ၊ အဘိုး၊ အဘွားနဲ့ ကလေးလေးယောက်စုပြီး နေထိုင်ကြတာပါ။ အဘိုးအဘွားတို့အပါအဝင် လူလေးယောက် ငွေရှာနေတာတောင် အိမ်လခအချိန်မီမပေးနိုင်တာ၊ အပြည့်မပေးနိုင်တာတွေကို ကြုံနေရတဲ့အထိ ချို့တဲ့ခဲ့ပါတယ်။ အဘိုးအဘွားက သက်ကြီးပိုင်း လစာနည်းတဲ့ အလုပ်လေးတွေထွက်လုပ်ပြီး အဖေဖြစ်သူက အလုပ်ကြမ်းအလုပ်နှစ်ခုကို လုပ်နေခဲ့ပါတယ်။ အမေဖြစ်သူ ဒီဘရာ (Debra)ကတော့ ကလေး လေးယောက်ကို အိမ်မှာပဲစာသင်ကြားပေးပါတယ်။ မက်ကာဒီရဲ့ ကလေးဘဝဟာ အမေဖြစ်သူ ဒီဘရာရဲ့ စိတ်နဲ့ ကျန်းမာရေးအခြေအနေကိုအကြောင်းပြပြီး ဖျက်ဆီးခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ မက်ကာဒီတစ်ယောက် အမေဖြစ်သူရဲ့ ကျန်းမာရေးနဲ့ စိတ်ပျော်ရွှင်မှုက သူ့မှာ လုံးဝတာဝန်ရှိတယ်ဆိုပြီး မှတ်ယူနေခဲ့တာလို့ ပြောလို့ရပါတယ်။ အမေဖြစ်သူကို အရမ်းချစ်မြတ်နိုးတာကြောင့် အမေ့လုပ်ရပ်တွေဟာ ဘယ်လောက်အကြမ်းဖက်မှုဆန်နေတယ်ဆိုတာကို ကလေးတစ်ယောက် ဖြစ်တာကြောင့် သတိမပြုမိခဲ့ပါဘူး။ ဒီဘရာက ပစ္စည်းစုဆောင်းရတာ နှစ်သက်သူဖြစ်ပြီး တစ်အိမ်လုံးလဲ အသုံးမဝင်တဲ့ အမှိုက်တွေနဲ့ပြည့်နေတာကြောင့် ကလေး လေးယောက်မှာ အိပ်စရာနေရာရယ်လို့တောင် မယ်မယ်ရရမရှိတော့ဘဲ ဧည့်ခန်းကြမ်းပြင်ပေါ်မှာပဲ ဖျာခင်းအိပ်ကြရပါတယ်။ ထမင်းစားကြရင်လဲ ဒီဖျာလေးပေါ်မှာပဲ ဝိုင်းစုပြီး စားတတ်ကြပါတယ်။ ဂိုဒေါင်ထဲမှာလဲ လူတောင် လမ်းဝင်လျှောက်လို့မရတဲ့အထိ သုံးမရတဲ့ ပစ္စည်းတွေနဲ့ ပြည့်နေပြီး ကြွက်တွေခိုအောင်းရာဖြစ်ကာ အနံ့ဆိုးတဲ့နေရာပဲ ဖြစ်နေခဲ့ပါတယ်။
YOU ARE READING
Biography & Memoir
Non-FictionBiography & Memoir နဲ့ပတ်သတ်ပြီး အကုန် copy တင်ပေးမှာပါ ။