Man's Search for meaning

0 0 0
                                    

အတိုချုပ်

ကျွန်မတို့ရဲ့အောင်မြင်မှုနဲ့ ဆက်လက်ရှင်သန်မှု ဟာ ကိုယ့်ဘ၀အဓိပ္ပာယ်ကို ရှာဖွေတတ်မှုအပေါ် မူတည်ပါတယ်။ ဘဝအဓိပ္ပာယ်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့တစ်စုံတစ်ရာ၊ ထင်ရှားတဲ့ ဖြစ်တည်မှု တစ်ခုခုဖြစ်ဖို့ မလိုပါဘူး။ ဖြစ်လာ တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် အဓိပ္ပာယ်တစ်ခု သတ်မှတ်နိုင်ရင်ကို အဆင်ပြေ ပါတယ်။

ဒါကို ဘယ်သူတွေ ဖတ်သင့်လဲ။

• ဘဝရည်မှန်းချက်နဲ့ အဓိပ္ပာယ်ကို ရှာဖွေနေ သူများ။

• စိတ်ပိုင်းဆိုင်ရာပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားနေသူများ။

• လူတွေရဲ့ ဒူပေနာပေခံနိုင်ရည်ရှိမှုကို စိတ်ဝင် တစားလေ့လာလိုသူများ။

သင်ယူရမယ့်အရာ

• ဘဝအဓိပ္ပာယ်ရှာဖွေခြင်းရဲ့အရေးပါပုံ အကြောင်း။

• ရွေးချယ်မှုတွေနဲ့ ကိုယ်ပိုင်ဘဝအဓိပ္ပာယ်တို့ ဆက်စပ်မှုအကြောင်း။

• စိုးရိမ်ကြောက်ရွံ့နေတဲ့အရာတွေကို ဘယ်လို ရင်ဆိုင်သင့်သလဲဆိုတဲ့အကြောင်း။

ဒီနေ့ခေတ်မှာ လူတိုင်းဟာ နာဇီအုပ်စိုးခဲ့တုန်းက ဂျာမနီနဲ့ အရှေ့ဉရောပ တလျှောက်က စစ်အကျဉ်းစခန်းတွေမှာပြုလုပ်ခဲ့တဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ် လူမဆန်လှတဲ့ လုပ်ရပ်တွေအကြောင်းကို နည်းနည်းပါးပါးဖြစ်ဖြစ် သိကြပါတယ်။

အလားတူပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျုးလူမျိုးတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့အချိန်က နာဇီတို့ရဲ့ ရက်စက်ပုံတွေကို အဖမ်းဆီးခံ ဂျူးလူမျိုးတိုင်း ကြားဖူးထားမှာပါ။ ဒီလို ကြားဖူးထားလို့ နာဇီအကျဉ်းစခန်းကို ရောက်တဲ့အခါ အကျဉ်းသားတွေရဲ့ အဦးဆုံးဖြစ်တဲ့တုံ့ပြန်မှုဟာ ကြောက်ရွံ့ထိတ်လန့်ခြင်းဖြစ်မယ်လို့ တွေးထင်ပါလိမ့်မယ်။ တကယ်တော့ သူတို့ရဲ့ ခံစားချက်ဆိုင်ရာ တုံ့ပြန်မှုတွေက အဆင့် ၃ ဆင့် ရှိပါတယ်။

ပထမအဆင့်က အကျဉ်းသားတွေ စခန်းကို ရောက်ရှိချိန်၊ ဒါမှမဟုတ် အကျဉ်းစခန်းကို ခေါ်ဆောင်လာတဲ့အချိန်မှာ စဖြစ်ပေါ်တဲ့ ခံစားမှုပါ။

Biography & Memoir Where stories live. Discover now